Friday, May 4, 2018

တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ဗြိတိန်သံအမတ်ကြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား လာရောက်ဂါရ၀ပြုတွေ့ဆုံ



နေပြည်တော် မေ ၎
တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick သည် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လာရောက် ဂါရ၀ပြု  တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီပေးရေး၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment