နေပြည်တော် ဖေဖော်ဝါရီ ၂
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာ နိုင်ငံဆိုင်ရာ
အီတလီနိုင်ငံ သံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti အား ယနေ့နံနက် ၉ နာရီခွဲတွင်
ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ Steel Industry ဖွံ့ဖြိုးတိုးတက်ရေး အတွက် အီတလီနိုင်ငံမှ
DanieliCo,.Ltd နှင့် ပူးပေါင်းဆောင်ရွက်နေသည့် သံမဏိစက်ရုံ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊
လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အထောက် အကူဖြစ်စေမည့် လယ်ယာသုံးယာဉ်ယန္တရားနှင့် စက်ကိရိယာများ
ပူးပေါင်း ထုတ်လုပ်နိုင်ရေး၊ Three Wheel Vehicle Assembly Line လာရောက် ထူထောင်ရေးနှင့်
စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို
ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment