Friday, February 2, 2018

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အမေရိကန်အခြေစိုက် The Asia Foundation ဥက္ကဋ္ဌ Mr.David Dale Arnold နှင့် အဖွဲ့ အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် အမေရိကန်အခြေစိုက် The Asia Foundation ဥက္ကဋ္ဌ Mr.David Dale Arnold ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လွှတ်တော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးမှု အခြေအနေများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြုရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 
(သတင်းစဉ်)

No comments:

Post a Comment