Thursday, December 21, 2017

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် ဒီဇင်ဘာ ၂၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ အလုပ်သဘော လေ့လာရေးခရီး ရောက်ရှိနေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းမြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနဧည့်ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် တွေ့ဆုံသည်။     

တွေ့ဆုံစဉ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ နယ်စပ်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ် ဒေသတိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်း စဉ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လက်ရှိပူးပေါင်းပါဝင် ဆောင်ရွက်နေမှုနှင့် ဆက်လက် ကူညီပံ့ပိုး၊ ပူးပေါင်း ဆောင်ရွက်သွားမည့်  အခြေအနေများ၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည် တည်ငြိမ် အေးချမ်းမှု ရရှိရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment