နေပြည်တော် ဒီဇင်ဘာ၂၁
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ
အမေရိကန် သံအမတ်ကြီး H.E.MrScot Marciel အား ယနေ့နံနက်
၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု
အောင်မြင်ရှင်သန်ရေး၊ နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့်
ဖွံ့ဖြိုး တိုးတက်ရေး၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ဖလှယ်ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment