Saturday, December 2, 2017

ရခိုင်ပြည်နယ်လွှတ်တော် အနေဖြင့် ဒေသခံပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ပြောကြား



မောင်တော ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း  ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဖြစ် စဉ်များနှင့်ပတ်သက်ပြီး ပြန်လည်ထူထောင်မှု အပိုင်းများနှင့် ဒေသဖွံ့ဖြိုးတိုး တက်မှုမှ အစ ကဏ္ဍမျိုးစုံတွင် ရခိုင် ပြည်နယ် လွှတ်တော် အနေဖြင့် ဒေသခံပြည်သူ များနှင့် တစ်သားတည်းရှိကြောင်း၊ ဒေသခံ ပြည်သူများ၏ ဆန္ဒမှာလည်း လွှတ်တော်၏ ဆန္ဒဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ယနေ့ မောင်တော ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။


မောင်တောမြို့ သာသနာ့ဗိမာန်၌ ယနေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပသော ရခိုင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေရေးရာ၊ အကြံပေး အဖွဲ့ဝင်များနှင့် မောင်တောမြို့ ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားတွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မောင်တောဒေသနှင့် ဘူးသီးတောင်ဒေသများ အနေဖြင့် လတ်တလောအေးချမ်း သင့်သလောက် အေးချမ်းမှုရှိနေပြီ ဖြစ်ကြောင်း၊ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်အနေဖြင့် ဒေသခံပြည်သူများ နှင့် တစ်သားတည်းရှိကြောင်း၊ လွှတ်တော် တစ်ရပ်လုံးက ပြည်သူဘက်တွင် မားမားမတ်မတ် ရပ်တည်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်နယ် အစိုးအနေဖြင့်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များနှင့် အတူ ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှုများပါ တစ်ပါတည်း ပါဝင်လာမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လွှတ်တော်ထဲတွင် လည်းပါ တီစွဲ၊ လူပုဂ္ဂိုလ်စွဲမထားဘဲ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဦးစားပေးလုပ်ဆောင် လျက်ရှိကြောင်း” ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။

ဒေသခံပြည်သူများက တင်ပြဆွေးနွေးရာတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ ပြန်လည် လက်ခံရာတွင် လည်းကောင်း ဒေသခံ ပြည်သူများကို ပွင့်လင်းမြင်သာစွာ အသိပေးချပြစေလိုကြောင်းနှင့် ကဏ္ဍမျိုးစုံကို ပွင့်လင်းမြင်သာစွာ ပြည်သူကို ချပြစေလိုကြောင်း ပြန်လည် ဆွေးနွေးတင်ပြကြသည်။

သတင်းအဖွဲ့
ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment