နေပြည်တော်
ဒီဇင်ဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ပေကျင်းမြို့၌ အလုပ်သဘာချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ညနေပိုင်းတွင် ပေကျင်းမြို့မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်
တို့နှင့်အတူ ဒေသစံတော် ချိန် နံနက် ၁၀ နာရီခွဲတွင် ပေကျင်းမြို့မှထွက်ခွာရာ တရုတ်
ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယ၀န်ကြီး မစ္စတာ ကောရဲ့ကျိုး၊ စစ်သံမှူး
ဗိုလ်မှူးချုပ် တင့်ဆန်း၊ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ နှင့် တာဝန်ရှိသူများက
ပေကျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ တွင်
ကူမင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။
ဆက်လက်၍
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တနားနေမည့်
ကူမင်းမြို့ Best Yuehang Hotel သို့ရောက်ရှိကြသည်။
ထိုမှတဆင့်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် အထူးလေယာဉ်ဖြင့် ကူမင်းအပြည်ပြည် ဆိုင်ရာ လေဆိပ်မှထွက်ခွာရာ
ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Chen Shun ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး၊ မြန်မာ ကောင်စစ်ဝန်ချုပ်၊ မြန်မာသံရုံးနှင့် စစ်သံရုံး ၀န်ထမ်းများ
နှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။
ယင်းနောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ညနေ ၃ နာရီ မိနစ် ၂၀ တွင် နေပြည်တော်
ပြန်လည်ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဦးကျော်တင်၊ နေပြည်တော်ကောင်စီ
ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌
ကြိုဆို နှုတ်ဆက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment