Tuesday, September 5, 2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၅ 

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.BertradBainvel နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ် UNICEF အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ကလေးသူငယ်များအတွက် ဆောင်ရွက်လျက်ရှိသော ပညာရေး၊ ကျန်းမာရေး၊ အာဟာရ၊ ရေနှင့်သန့်ရှင်းရေး၊ ကလေး သူငယ်ကာကွယ် စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်းပြီး ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment