နေပြည်တော်
စက်တင်ဘာ ၅
တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန
အရှေ့အာရှ အထူး ကိုယ်စားလှယ် H.E. Mr.Sun Guoxiang အား
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပါတီစုံ ဒီမိုကရေစီခေတ် ကာလ ငြိမ်းချမ်းရေး စတင်ဖော်ဆောင်စဉ်ကပင်
နိုင်ငံတော်၏ ပကတိလိုအပ်ချက် ဖြစ်သည့် တို့တာဝန်အရေးသုံးပါးနှင့် ပါတီစုံဒီမိုကရေစီ
စနစ်တွင် လိုက်ပါလုပ်ဆောင်ရန် အချက်နှစ်ချက်ကို ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းကမ်းလှမ်းချက်ကို
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှသဘောတူလက်ခံပြီး နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အကြိမ်ကြိမ် ဆွေးနွေးပြီးမှ NCA ကို လက်မှတ်ရေးထိုးခဲ့ခြင်း
ဖြစ်ကြောင်း၊ သို့ဖြစ်၍ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရာ၌ NCA လမ်းကြောင်းပေါ်တွင်
သာလျှောက်လှမ်းရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့်
အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁ နာရီမှ ညနေ ၅
နာရီအတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်များနှင့် ဖြစ်စဉ်ဖြစ်ပွားမှု ၃၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊
တောင်ဘဇာ ကျေးရွာတွင်ရှိသည့် တပ်ဌာနချုပ်တစ်ခုအား အင်အား ၅၀၀ ခန့်ဖြင့် လည်းကောင်း၊
အင်အားအနည်းငယ်သာရှိသည့် ရဲကင်းစခန်း ၃၀ အား အင်အား ၁၀၀/၂၀၀ စသည်ဖြင့်လည်းကောင်း တစ်ပြိုင်တည်း
အင်အားသုံး၍စုစည်းတိုက်ခိုက် ခဲ့ခြင်းမှာ ကြိုတင်စီစဉ်ထားမှုကို ပေါ်လွင်ကြောင်း၊ ဖြစ်စဉ်အတွင်း
ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် ဒေသခံ တိုင်းရင်းသားများအား ဓား၊
လှံ၊ လက်ပစ်ဗုံးနှင့် လက်နက်များဖြင့် ရက်စက်စွာထိုးခုတ် သတ်ဖြတ်ခြင်း၊ တံတား ၈ စင်းအား
မိုင်းထောင်ဖောက်ခွဲဖျက်စီးခြင်းနှင့် ကျေးရွာများကို မီးရှို့ခြင်းတို့မှာလည်း အကြမ်း
ဖက်လုပ်ရပ်များဖြစ်သည်ကို သက်သေပြနေကြောင်း၊ တပ်ဌာနချုပ်နှင့် ရဲစခန်း များကို တုတ်၊
ဓား၊ လှံ၊ ဂျင်ကလိ၊ လက်လုပ်သေနတ်၊ လက်ပစ်ဗုံးများဖြင့် လူငယ်၊ လူရွယ်၊ ယောက်ျားကလေးများ
လာရောက်တိုက်ခိုက်ခြင်း ဖြစ်သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များကလိုက်လံရှင်းလင်းရာတွင်
အချို့နေရာများ၌ အမျိုးသမီးများနှင့် ကလေး ငယ်များကို လူသားဒိုင်းအဖြစ်အသုံးပြုသည်များကိုလည်း
တွေ့ရှိရကြောင်း၊ သေနတ်ကိုင် တပ်ဖွဲ့ဝင်များအား ဓား၊ လှံ၊ ဂျင်ကလိများဖြင့် လူအင်အားသုံး၍
ဝိုင်းဝန်း တိုက်ခိုက်ခြင်း မှာလည်း မူးယစ်ဆေးဝါး သုံးစွဲ ထားသည်ဟု ယူဆနိုင်ကြောင်း၊
ယင်း အကြမ်းဖက်ဖြစ်စဉ် များကို လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အနည်းဆုံးသော လူအင်အား၊
ပစ်အားဖြင့်သာ ထိန်းသိမ်းစေလျက်ရှိကြောင်း ရှင်းလင်း ပြောကြား သည်။
ယင်းနောက်
H.E. Mr.Sun Guoxiang က တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင်
ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများအား ရှုံ့ချကြောင်း၊ ကျဆုံးသွားသော တပ်မတော်သား၊
ရဲတပ်ဖွဲ့ဝင်များ နှင့် ဝန်ထမ်းများ အတွက်လည်း စိတ်မကောင်းဖြစ်ရပါကြောင်း၊ တရုတ်နိုင်ငံ
အစိုးရ အနေဖြင့် မြန်မာ နိုင်ငံအစိုးရနှင့် တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေး ထိန်းသိမ်းလုပ်ဆောင်မှုများကို
ပြတ်ပြတ် သားသား ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စကိုလည်း ပြေလည် စွာ
ဖြေရှင်း နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း၊ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း
အနေဖြင့် မြန်မာနိုင်ငံ အကျိုးစီးပွားနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘက်မှရပ် တည်၍
နီးကပ်စွာ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက်
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေကြသည်။
တွေ့ဆုံပွဲသို့
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ
တက်ရောက်ကြပြီး H.E. Mr.Sun Guoxiang နှင့်အတူ မြန်မာနိုင်ငံ
ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Hong Liang၊ စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်
ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment