Tuesday, September 5, 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ရှန်ဟိုင်းမြို့၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mrs. Zhong Yanqun နှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် စက်တင်ဘာ    

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ချစ်ကြည်ရေး ခရီးရှောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရှန်ဟိုင်းမြို့၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mrs. Zhong Yanqun နှင့် ယနေ့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် ရှန်ဟိုင်းမြို့၊ People’s Mansion ၌ တွေ့ဆုံ ဆွေးနွေးသည်။
 

တွေ့ဆုံစဉ် တရုတ်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ လွှတ်တော်ရေးရာ ကော်မတီ အဖွဲ့ဝင် မန်းညွန့်သိန်း၊ ဦးသန်းညွန့်၊ ဦးခွန်သန်းထူး၊ ဒေါ်ဝင့်ဝါထွန်း၊ ဦးတင်နု (ခ) ဦးတင်နုအောင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ရှန်ဟိုင်းမြို့၊ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဒုတိယဥက္ကဋ္ဌ Mrs. Zhong Yanqun က နေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည် ရေး ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော် ချိန် နံနက် ၁၀ နာရီ မိနစ် ၅၀ က ရှန်ဟိုင်း မြို့ပြ စီမံကိန်းပြတိုက် (Shanghai Urban Planning Exhibition Center) သို့ရောက်ရှိရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်ွးပသကြသည်။

ယင်းနောက် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော် ချိန်  မွန်းလွဲ ၂ နာရီတွင် Pudong New District သို့ရောက်ရှိပြီး လွတ်လပ်သော ကုန်သွယ်ရေး ရုံးအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြပြီး  စီမံခန့်ခွဲရေး ကော်မတီမှ သက်ဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံ ဆွေးနွေးသည်။

အလားတူ မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် The Oriental Pearl TV and Radio Tower သို့ သွားရောက် လေ့လာကြသည်။

ထို့နောက် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် ည ၇ နာရီတွင် Oriental Pearl ဆိပ်ခံတံတားသို့ ရောက်ရှိကာ ဟွမ်ဖူမြစ် (Huang Pu Jiang) အား သင်္ဘောစီး၍ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

No comments:

Post a Comment