နေပြည်တော်
စက်တင်ဘာ ၅
ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၅ရက်မှ
၇ရက်အထိ ၃ရက်ကြာ ချစ်ကြည်ရေး ခရီးလာရောက်ရန်အတွက် အိန္ဒိယ သမ္မတနိုင်ငံ ၀န်ကြီးချုပ်
ရှရီနာရန်ဒရာမိုဒီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ညနေ ၄နာရီ ၄၇ မိနစ်တွင်
နေပြည်တော်သို့ ရောက်ရှိသည်။
အိန္ဒိယသမ္မတနိုင်ငံ
ဝန်ကြီးချုပ်နှင့် အဖွဲ့အား ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ကရမ် မစ္စရီနှင့်ဇနီးနှင့်
တာဝန်ရှိ သူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အိန္ဒိယသမ္မတနိုင်ငံ
ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီသည် တရုတ်နိုင်ငံတွင် စက်တင်ဘာ ၃ရက်မှ ၅ရက် အထိ ကျင်းပခဲ့သည့်
၉ ကြိမ်မြောက် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက (9th BRICS Summit) ငါးနိုင်ငံ
ညီလာခံ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ဆက်လက် လာရောက်ခြင်းဖြစ်သည်။
အိန္ဒိယ၀န်ကြီးချုပ်သည်
၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ-အိန္ဒိယ ညီလာခံ တက်ရောက်ရန် လာရောက် ခဲ့ပြီး
ယခု ခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment