နေပြည်တော် စက်တင်ဘာ ၅
ရခိုင်ပြည်နယ်အတွင်း လတ်တလော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့်
ယာယီ နေရပ် စွန့်ခွာသော ပြည်သူများအတွက် လိုအပ် သည့် ဖြည့်ဆည်းမှု၊ ပူးပေါင်း ဆောင်ရွက်မှုများ
ဆောင်ရွက်နိုင်ရန် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၏
ညှိနှိုင်းအစည်းအဝေးကို လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီးက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု ဥပဒေ အခန်း(၁)၊ ပုဒ်မ ၂(ခ)တွင် လူတို့၏ ပြုမူဆောင်ရွက်မှု၊ အကြမ်းဖက်ခြင်း၊
လက်နက်ကိုင် သောင်းကျန်းမှု ဖြစ်ပွားခြင်း၊ အမျာွးပည်သူ၏ အသက်အိုးအိမ် ဥစ္စာပစ္စည်း၊ အသက်မွေး ဝမ်းကြောင်း
လုပ်ငန်း၊ အခြေခံ အဆောက်အအုံများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင်ကို
ထိခိုက် ပျက်စီးမှုများကို ဘေးအန္တရာယ်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါကြောင်း၊ ယခုဖြစ်ပွားသော
အကြမ်းဖက်မှုကြောင့် ပြည်သူများထိခိုက် ပျက်စီးခြင်းနှင့် ပတ်သက်၍ လက်ရှိရခိုင် ပြည်နယ်တွင်
ကယ်ဆယ်ရေး လုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရတို့ ပူးပေါင်း၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊
ဆက်လက်၍ ကယ်ဆယ်ရေး လုပ်ငန်းများကို စနစ် တကျ စီမံခန့်ခွဲနိုင်ရန် ယခု အစည်းအဝေးကို
ခေါ်ယူရြခင်း ဖြစ်ကြောင်း ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း
လတ်တလော ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှုများ အခြေအနေနှင့် ယာယီထွက်ပြေး
တိမ်းရှောင်နေရသူများ ရောက်ရှိနေထိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ အဆိုပါ ၀န်ကြီး
ဌာနမှ အမြဲတမ်းအတွင်းဝင် ဦးစိုးအောင် က ရှင်းလင်း ပြောကြားသည်။
ထို့ပြင် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များကလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊
လက်ရှိ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်း တင်ပြ ကြသည်။
အစည်းအဝေးတွင် စာရင်းဇယား မှန်ကန်စွာ ရရှိရေး၊
ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ အားရွေ့လျား အဖွဲ့များ စခန်းအခြေပြု ဆေးခန်းများဖြင့်
ဆောင်ရွက်ရေး၊ ယာယီ ခိုလှုံရာစခန်းများ အနီးရှိကျောင်းများတွင် ပညာဆက်လက် သင်ကြားနိုင်ရေး၊
အရေးပေါ် လိုအပ်သည့် လမ်းပန်း ဆက်သွယ်ရေးများ အမြန်ပြုပြင် ဆောင်ရွက်ပေးရေး၊ ဒေသ တည်ငြိမ်ချိန်တွင်
အမြန်ပြန်လည် ထူထောင်ရေး အတွက် လိုအပ်သော စက်ယာဉ်၊ ယန္တရားများရရှိစေရေး၊ ယာယီဆေးခန်းများ၊
စာသင်ကျောင်းများ၊ ရိက္ခာစုပုံ စခန်းများ ဆောင်ရွက် နိုင်ရေး၊ ဘေးသင့်ပြည်သူများ၏ မိသားစုများ
ပေါင်းစည်းရေး နှစ်သိမ့် ဆွေးနွေးမှုများနှင့် ထောက်ပံ့ရေး၊ စိုက်ပျိုး မွေးမြူရေး ကဏ္ဍထိခိုက်
ပျက်စီးမှုအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး စသည့်အချက် များကို ညှိနှိုင်း ဆွေးနွေး
ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment