မောင်တော
စက်တင်ဘာ ၅
ရခိုင်ပြည်နယ်
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်သည် ယနေ့ ညနေ ၄ နာရီတွင်
ရခိုင်ပြည်နယ်အတွင်းရှိ ယာယီကျောင်းပိတ်ထား၍ နေရပ်ဒေသ အသီးသီးသို့ ပြန်ကြမည့် ကြိမ်ချောင်းကျေးရွာ
၊ တရိန်းကျေးရွာနှင့် တောင်ပြို မြို့နယ် တို့အတွင်းမှ ဆရာ ၂၄ ဦး၊ ဆရာမ ၂ ဦး၊ ဒေသခံတိုင်းရင်းသား
၁၈ဦး တို့အား မောင်တောမြို့ လေးမိုင်စခန်း၌
သွားရောက် တွေ့ဆုံ အားပေး စကား ပြောကြားသည်။
အဆိုပါ
ဆရာ၊ ဆရာမများနှင့် ဒေသခံ တိုင်းရင်းသားများသည် ယနေ့ နံနက်ပိုင်းတွင် တပ်မတော် မော်တော်ယာဉ် သုံးစီးဖြင့် အဆိုပါ ကျေးရွာများမှ
မောင်တောမြို့ သို့ရောက်ရှိလာကြခြင်းဖြစ်သည်။
ထို့နောက်
ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသားများသည် ညနေ ၄ နာရီခွဲတွင် ဘူးသီးတောင် မြို့သို့
ဆက်လက် ထွက်ခွာသွားပြီး စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့
အမြန် ရေယာဉ်ဖြင့် သွားရောက်၍ နေရပ် အသီးသီးသို့ ဆက်လက် ထွက်ခွာကြမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment