ဟားခါး စက်တင်ဘာ ၅
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်
လျက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ခုနှစ် နိုင်ငံတော်ရန်ပုံငွေဖြင့်
အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ
အခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌
ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက
အမှာစကားပြောကြားရာ၌ ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ၊ဘဏ္ဍာရေးဆပ်ကော်မတီ၊
ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ယခုခွင့်ပြုပေးသော
ရန်ပုံငွေများကို သတ်မှတ်ထားသည့်စည်းကမ်း၊ နည်းလမ်းများနှင့်အညီ စနစ်တကျ အသုံးပြုသွားကြရန်
လိုအပ်သလို မိမိတို့တစ်အိမ်ချင်းအလိုက်၊ တစ်ရွာချင်းအလိုက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်
အစဉ်အမြဲအားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ကျေးရွာ/ဒေသဖွံ့ဖြိုး
တိုးတက်ရေးအတွက် တက်ရောက်လာကြသည့် တာဝန်ရှိသူများ အားလုံး၊ ကျေးရွာပြည်သူများအားလုံးက
ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူး ဦးမျိုးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့် တာဝန်ရှိသူများက ဟားခါးမြို့နယ် လေပီးနှင့်ဖိုင်ဖား
အုပ်စုများရှိ ကျေးရွာများအတွက် မြစိမ်းရောင် ရန်ပုံငွေကျပ် သိန်း(၁၂၀၀) ကို လွှဲပြောင်းပေးအပ်ရာ
ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီ များက လက်ခံရယူကြသည်။
ထို့နောက် ကျေးရွာပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်
ပြောကြားပြီး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုးက နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့ကြောင်း သိရသည်။
ဟားခါး ခရိုင်ပြန်/ဆက်
No comments:
Post a Comment