မြိတ်
စက်တင်ဘာ ၅
စက်တင်ဘာလ
(၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှု
တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးပြိုင်ပွဲကို
စက်တင်ဘာလ (၅) ရက် နံနက် (၉း၃၀) နာရီက မြိတ်မြို့ အထက(၃)
ကျောင်း ပညာရတနာခန်းမတွင် မြိတ်ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့မှ
ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကို
လူကုန်ကူးမှုမှန်သမျှ
ဝိုင်းဝန်းပူးပေါင်းဆန့်ကျင်ကြ ခေါင်းစဉ်ဖြင့်
ပန်းချီပြိုင်ပွဲတွင် အထက်တန်း (၅)ဦး၊
အလယ် တန်း (၃)ဦး၊ မူလတန်း(၃)ဦး၊ ကာတွန်းပြိုင်ပွဲတွင်
အထက်တန်း(၃)ဦး၊ အလယ်တန်း (၅)ဦး၊ မူလတန်း(၂)ဦး၊ ပိုစတာ ပြိုင်ပွဲတွင် အထက်တန်း(၅)ဦး၊ အလယ်တန်း(၃)ဦး၊ မူလတန်း(၃)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း(၅)ဦး၊ အလယ်တန်း(၃)ဦး၊ မူလတန်း(၄)ဦး စုစုပေါင်း
(၄၄)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ပြိုင်ပွဲတွင်
ဆုရရှိသော ကျောင်းသား/သူများအား ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား
တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။
ပြိုင်ပွဲကို
လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ကျောင်းသား/သူများလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊
အသိပညာပေးခြင်းအကျယ်တ၀င့် ဆောင်ရွက်ထားရှိမှုကို ပြည်သူလူထုအတွင်း စိမ့်ဝင်အောင် ဆောင်ရွက်နိုင်ရေး
အဓိကထားကာ ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း မြိတ် လူကုန် ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့
တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဌေးအောင်က ပြောသည်။ ပြိုင်ပွဲအား မြိတ်ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့
ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ဒုတိယဥက္ကဌ ဒုတိယရဲမှူးကြီး တင်ထွန်းနှင့်
တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
ခိုင်ထူး
( မြိတ် ပြန်/ဆက် )
No comments:
Post a Comment