နေပြည်တော် စက်တင်ဘာ ၅
နေပြည်တော်
ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပ ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား
ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ ၅ ရက် နံနက်
၈ နာရီက စတင်၍ အဆိုပါရပ်ကွက်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းတွင် ပြုလုပ်ပေးခဲ့ကြောင်း
သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်
ကိုယ်ဝန်ဆောင်မိခင် (၁၇)ဦးအား သားဖွားဆရာမ ဒေါ်နန်းဖြူဖြူအောင်က သွေးပေါင်ချိန်ပေးခြင်း၊
ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ သွေးအားနည်းခြင်းရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကိုယ်ဝန်
စမ်းသပ်ပေးခြင်း၊ သံဓာတ်အားဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်သံချဆေးပေးခြင်းနှင့် ကိုယ်ဝန်
ကိုးလပြည့် သူများကို ဗီတာမင်ဘီဝမ်းဆေးပြား သောက်ရန်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ပြီး
ကိုယ်ဝန်ဆောင် မိခင်များအတွက် ဆောင်ရန်/ရှောင်ရန် အချက်များနှင့် သောက်သုံးရမည့် ဆေးများအကြောင်းကို
ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဥတ္တရခရိုင်ပြန်/ဆက်


No comments:
Post a Comment