တမူး
စက်တင်လာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊
တမူးခရိုင်၊ တမူးမြို့နယ်ရှိ ဝက်ရှုဆည်နှင့်နန်းသလက်ရေလွှဲဆည်များ ပြုပြင်နေမှု လုပ်ငန်းများကို တမူးခရိုင် အုပ်ချုပ်ရေးမှူးမှ
စက်တင်ဘာ (၅) ရက်၊ နံနက် (၁၀) နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
တမူးမြို့နယ်ရှိ
ဝက်ရှုဆည်သည် ကွန်းတောင်းကျေးရွာအုပ်စု၊ ဝက်ရှုကျေးရွာမှ လယ်ဧရိယာ (၆၂၀) ဧကအား စိုက်ပျိုးရေ
ပေးဝေနေခြင်း ဖြစ်ကြောင်း၊ ထိုဝက်ရှုဆည်အား (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး
အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၃၀) ဖြင့် ဆည်ကြမ်းခင်းများပြုပြင်နေခြင်း
ဖြစ်ကြောင်း၊ ထို့အတူ မြို့သစ်မြို့၊ မင်းသာကျေးရွာအုပ်စု၊ မင်းသာကျေးရွာရှိ နန်းသလက်ရေလွှဲဆည်
သည် လယ်ဧရိယာ (၂၂၀၀) ဧကအား စိုက်ပျိုးရေပေးဝေနေခြင်းဖြစ်ပြီး၊ ထိုနန်းသလက်ရေလွှဲဆည်အား
တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၄၀) ဖြင့် ပြုပြင်နေမှုတို့အား
ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့် သင်းအောင်၊ မြို့နယ်လမ်းဦးစီးဌာနဦးစီးအရာရှိ၊ မြို့နယ်ဆည်မြောင်း
ဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာတို့နှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုရာ တာဝန်ရှိသူတို့မှ
ပြုပြင် ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
ဦးဇော်မင်းနိုင်
( မြင်းခြံ )

No comments:
Post a Comment