အမျိုးသား
လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် International Republican Institute (IRI) မှ
Senior Advisor ဖြစ်သူ Johanna Kao နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊
နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၊ နိုင်ငံတကာရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr.Yuan
Guiren နှင့်အဖွဲ့အား မွန်းလွဲ ၂နာရီ မိနစ် ၄၀ တွင် လည်းကောင်း နေပြည်တော်ရှိ အမျိုးသား
လွှတ်တော် ဧည့်ခန်းမ ဆောင်၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။
International
Republican Institute (IRI) မှ Senior Advisor ဖြစ်သူ Johanna Kao နှင့် တွေ့ဆုံစဉ်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ International Republican Institute
(IRI) ၏ ဖွဲ့စည်းမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း
IRI ၏ ပူးပေါင်း ဆောင်ရွက်မှု၊ လူထုစစ်တမ်း ကောက်ယူမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
တရုတ်ပြည်သူ့
သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၊ နိုင်ငံတကာရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့်
တွေ့ဆုံစဉ် မြန်မာ- တရုတ် နှစ်နိုင်ငံအပြန်
အလှန်ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ
လွှတ်တော်များ ဖွဲ့စည်းမှု၊ ဥပဒေပြုရေးဆိုင်ရာ
လုပ်ငန်းစဉ်များ၊ လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေး အသင်းများ ဖွဲ့စည်းထားမှုများ၊
တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် CPPCC ၏ ဖွဲ့စည်းမှု၊ ကော်မတီများ ဖွဲ့စည်းထားမှု၊
ဥပဒေပြုရေး၊ နိုင်ငံရေး၊ စီမံအုပ်ချုပ်ရေးနှင့် လူမှုရေး ကဏ္ဍတို့တွင် ပါဝင်ဆောင်ရွက်မှု
အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ
တွေ့ဆုံပွဲများသို့ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment