Thursday, August 24, 2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၊ နိုင်ငံတကာရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Yuan Guiren အား လက်ခံတွေ့ဆုံ



ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၊ နိုင်ငံတကာရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Yuan Guiren နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ- တရုတ် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေး ဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment