စစ်တွေ
သြဂုတ် ၂၈
ရခိုင်ပြည်နယ် မောင်တောဒေသ၌ ရောက်ရှိနေသောလူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် တောင်ဘဇာကျေးရွာရှိ
နယ်မြေခံတပ်ရင်းသို့ ရောက်ရှိကြပြီးခေတ္တခိုလှုံလျက်ရှိသော ပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ထမ်း(၂၅)ဦးစစ်တွေမြို့တွင်
ခေတ္တပြန် လည်နေထိုင်နိုင်ရေးနှင့်စုရပ်တွင် ကျန်ခဲ့သောပြည်သူများ၏ လုံခြုံရေးအခြေအနေများကို
တာဝန်ရှိလုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် လတ်တလောစားသုံးရန်အတွက်
ခေါက်ဆွဲခြောက်၊ ခနောဆန်ပြုတ်ထုပ်၊ ငါးခြောက်နှင့် ကြက်ဥများကို ထောက်ပံ့ ခဲ့ကြသည်။
ဆက်လက်၍ ကြိမ်ချောင်းကျေးရွာသို့ ရောက်ရှိကြပြီး
နယ်မြေစခန်းတွင် ခေတ္တနေထိုင်လျက် ရှိသောပြည်သူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဝန်ထမ်းများက
စစ်တွေနှင့်ဇာတိဒေသများသို့ ပြန်လိုကြကြောင်း၊ မိသားစုနှင့် အဆက်အသွယ် လိုအပ်နေသော
အိမ်ထောင်စုများအား ဆက်သွယ်ပေးရန် တင်ပြချက်များအပေါ် ညှိနှိုင်းကူညီ ဖြေရှင်းပေးသည်။
ထို့နောက် ကျေးရွာများ ညပိုင်း မီးထွန်းရန်အတွက် လိုအပ်သောစက်သုံးဆီနှင့် လတ်တလော စားသုံးရန်အတွက်
ခေါက်ဆွဲခြောက်၊ ခနောဆန်ပြုတ်ထုပ်၊ ပေါင်မုန့်ခြောက်၊ ငါးခြောက်နှင့် ကြက်ဥများကို
ထောက်ပံ့ပေးသည်။
ဆက်လက်၍ မောင်တောမြို့သို့ ရောက်ရှိကြပြီး
သာသနာ့ဗိမ္မာန်နှင့် အမှတ်(၃)အခြေခံ ပညာမူလတန်း (လွန်) ကျောင်းတို့တွင် ခေတ္တခိုလှုံလျက်ရှိသောပြည်သူများနှင့်တွေ့ဆုံရာမိမိတို့
အစိုးရအနေနှင့်နိုင်ငံတော် အတိုင်ပင်ခံ၏ ဦးဆောင်လမ်းညွှန်မှု၊ ပြည်ထောင်စုအစိုးရနှင့်
ပြည်နယ် အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ တပ်မတော်၏ ပံ့ပိုးမှုကူညီမှုများဖြင့် အခက်အခဲအမျိုးမျိုးကြားမှ
စားနပ်ရိက္ခာများဖြန့်ဝေထောက်ပံ့နိုင်ရန် လာရောက်ခြင်းဖြစ်ပါ ကြောင်း၊ အစိုးရသည် ရခိုင်တိုင်းရင်း
သားအပါအဝင် ဒေသခံတိုင်းရင်းသားအားလုံးနှင့် တစ်သားတည်းရှိပါကြောင်း ပြောကြားကာ လတ်တလောစားသုံးရန်အတွက်
စားနပ်ရိက္ခာများနှင့် လူမှုရေးအရထောက်ပံ့ရန် လိုအပ်သူများကို ငွေကြေးများထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မောင်တောပြည်သူ့ဆေးရုံသို့
ရောက်ရှိကြပြီး၊ ယနေ့မောင်တောမြို့ အမှတ်(၄) ရပ်ကွက်တွင် အကြမ်းဖက် သမား၏ သေနတ်ဖြင့်
ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ပြည်သူ တစ်ဦးနှင့် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိကာ
ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများကိုအားပေးစကား
ပြောကြားကာထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့ပြင် ကြိမ်ချောင်း၊ တောင်ပြိုဝဲ၊
၂ တောင်ဘဇာစုရပ်များတွင် ပြည်သူများကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက် ပေးနေသော တပ်မတော်မှ
ဆရာဝန်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကျန်းမာရေးမှူးများ၊ သူနာပြု များနှင့်
တွေ့ဆုံပြီးလိုအပ်သော ဆေးဝါးများထောက်ပံ့ ပေးနိုင်ရေးနှင့်မောင်တောမြို့နယ် ကျောက်ပန္နူကျေးရွာတွင်
လိုအပ်လျက်ရှိသော ဆေးဝါးများ ပံ့ပိုးပေးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တောင်ပြိုဝဲမြို့သို့ ရောက်ရှိကြပြီး
ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တခိုလှုံနေသော ပြည်သူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးလိုအပ်ချက်
များကိုမေးမြန်းရာဝန်ထမ်းများအနေဖြင့် ဇာတိမြို့များသို့ ခေတ္တပြန်လိုကြောင်း တင်ပြကြရာ
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်ွးဖေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့်
ယခုလည်းပကတိ အခြေအနေကိုသိမြင်ရပြီးဖြစ်၍ အကောင်းဆုံး အခြေအနေသို့ရောက်အောင် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း
ပြောကြားကာ လတ်တလော စားသုံးရန် ခေါက်ဆွဲခြောက်၊ ခနောဆန်ပြုတ်ထုပ်၊ ငါးခြောက်နှင့် ကြက်ဥများကို
ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment