နေပြည်တော်
ဩဂုတ် ၂၈
ထိုင်းနိုင်ငံ၌ ကျင်းပမည့် ပဉ္စမအကြိမ်မြောက်
ထိုင်း-မြန်မာအဆင့်မြင့်အရာရှိကြီး များအစည်းအဝေး 5th Thailand-Myanmar
High Level Committee Meeting တက်ရောက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင်
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ထွက်ခွာသွားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့်
မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများအဖွဲ့ ၀င်အဖြစ်လိုက်ပါသွားကြသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်
ထိုင်းနိုင်ငံ၊ Khon Kaen လေဆိပ်သို့ရောက်ရှိရာ Khon Kaen ပြည်နယ်အုပ်ချုပ်ရေးမှူး
Mr.Pongsak Preechawit နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ထောက်လှမ်းရေးမှူးချုပ်
Lt.Gen.Thiwa Penket Gorn နှင့်ဇနီး၊ အမှတ်(၃)စစ်တိုင်းမှူး Lt.Gen. Vijak
Siribunsop နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများ က လေဆိပ်တွင်
ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းဘုရင့် တပ်မတော်
ဂုဏ်ပြု တပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူသည်။
အဆိုပါခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
နှစ်စဉ်ကျင်းပသည့် ထိုင်း-မြန်မာအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခြင်း၊
ထိုင်းနိုင်ငံရှိ အစိုးရအဖွဲ့ အကြီးအကဲများနှင့် တပ်မတော် ခေါင်းဆောင်များအား သီးခြားစီတွေ့
ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး
ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး
စိုးထွဋ် ဦးဆောင်သော အဖွဲ့ဝင်များသည် သြဂုတ် ၂၄ ရက်တွင် ထိုင်းနိုင်ငံ သို့ကြိုတင်ထွက်ခွာသွားကြပြီး
လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment