ပူတာအို ဇူလိုင် ၁၇
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက
ကြီးကြပ်မှုဖြင့် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးမှူး၍ ပူတာအိုဒေသတွင်
မွေးမြူရေးကဏ္ဍအသိပညာဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသား၊ နို့၊ ဥစားသုံးမှု မြင့်တက်လာစေရန်နှင့်
အသားထုတ်လုပ်မှု တိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် မွေးမြူရေးလုပ်သား (CAHW) မွမ်းမံသင်တန်း
အမှတ်စဉ်(၁/၂၀၁၇)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်(၁၇)ရက် နံနက်(၉)နာရီက
ပူတာအိုခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ခေတ္တခရိုင်ဦးစီးမှူး
ဒေါက်တာဇာမဲဖီရမ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့
ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၀)ခုမှ သင်တန်းသား သင်တန်းသူ (၁၀)ဦး တက်ရောက်မည်ဖြစ်ပြီး
သင်တန်းကာလမှာ ဇူလိုင်(၁၇)ရက်မှ (၁၈)ရက်ထိ နှစ်ရက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း
ခေတ္တခရိုင်ဦးစီးမှူး ဒေါက်တာဇာမဲဖီရမ်ထံမှ သိရသည်။
ခရိုင်ပြန်/ဆက်
No comments:
Post a Comment