ဗန်းမော် ဇူလိုင် ၁၇
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊
ဒုတိယပညာသင်ကာလ ဗန်းမော်တက္ကသိုလ်မှ ကြီးမှူး ကျင်းပသော သုတစာပေစကားဝိုင်း ဆွေးနွေးမှုပြိုင်ပွဲကို
ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက ဗန်းမော်တက္ကသိုလ် စုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။
ပြိုင်ပွဲတွင် ဗန်းမော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက
အဖွင့်အမှာ စကားပြောကြားသည်။ ယင်းနောက် သုတစာပေစကားဝိုင်းဆွေးနွေးမှုပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များက
နေရာယူကြပြီး ပြိုင်ပွဲဝင်အုပ်စု(A)ဖြစ်ကြသော ရုက္ခဗေဒဘာသာရပ် ပထမနှစ်မှ မနန်းရွှန်းလဲ့ဦး၊
ရုပဗေဒဘာသာရပ် စတုတ္ထနှစ်မှ မောင်တင့်ဝေထွဏ်း၊ ဒဿနိကဗေဒ ဘာသာရပ် တတိယနှစ်မှ မနန်ဂျာ၊
ဓာတုဗေဒဘာသာရပ် ဒုတိယနှစ်ဂုဏ်ထူးတန်းမှ မောင်သဲလွင်အောင်နှင့် အင်္ဂလိပ်စာ ဘာသာရပ် ပထမနှစ်ဂုဏ်ထူးတန်းမှ
မောင်သက်ပိုင်အောင်တို့က စတင်ယှဉ်ပြိုင် ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါပြိုင်ကို ဗန်းမော်တက္ကသိုလ်မှ ဘာသာရပ်အလိုက် ကျောင်းသားကျောင်းသူများက
အုပ်စု(၅)အုပ်စုဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သုတစာပေစကားဝိုင်းဆွေးနွေးမှုပြိုင်ပွဲ ဇူလိုင် ၂၀ ရက်နေ့ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်
No comments:
Post a Comment