ဇူလိုင်၂၁၊ ၂၀၁၇
ဘူးသီးတောင်မြို့နယ် ငရန့်ချောင်းကျေးရွာအုပ်စု
မောင်နှမကျေးရွာနေ အဒူဆူဝမ်း ၅၅ နှစ် အသတ်ခံခဲ့ရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မသင်္ကာသူ ၁ ဦး
အား ဇူလိုင် ၂၀ ရက် ညနေပိုင်းက ဖမ်းဆီးရမိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင်
၂၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မောင်နှမကျေးရွာ၌ လူသတ်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ
၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးရာ ၎င်းကျေးရွာနေ မသင်္ကာ တရားခံ မာမတ်တာရှိန်း
၆၁ နှစ် အား ဖမ်းဆီးရမိပြီး နယ်မြေစခန်း၌ စစ်ဆေးလျက်ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
No comments:
Post a Comment