မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ တပြင်းရဲကင်းစခန်းမှ
တပ်ဖွဲ့ဝင်များ၊ သစ်တော ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ
နယ်မြေ သတင်း စုံစမ်းနေစဉ် ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တပြင်း-ပေါက်-ပခုက္ကူကားလမ်း
မိုင်တိုင်အမှတ်(၆၂/၇)နှင့် (၆၃/၀)ကြားအရောက် တပြင်း ကျေးရွာဘက်မှ ပေါက်မြို့ဘက်သို့
ဆောမြို့နယ်၊ အညာကတင်း ကျေးရွာနေ ဇော်နိုင်ထွန်း (၂၂)နှစ် မောင်းနှင်လာသည့်
5D/×××× စူပါကာစတန် ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ မိုးကာဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့်
တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ(၁၀၈)ချောင်း(၀.၇၀၂၅)တန်၊ တန်ဖိုးငွေ(၂၁၇၇၇၅)ကျပ်
တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ဇော်နိုင်ထွန်း အား ကျောက်ထု နယ်မြေ ရဲစခန်း(ပ)၆၃/၂၀၁၇၊
သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
No comments:
Post a Comment