ထားဝယ် ဇူလိုင် ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍
နှစ် (၇၀) ပြည့်အာဇာနည်နေ့အကြိုလှုပ်ရှားမှုအဖြစ် ထားဝယ်မူလတန်းကြိုကျောင်းနှင့် မောင်းမကန်
မူလတန်း ကြိုကျောင်းများမှ သားငယ်/သမီးငယ်များက သီချင်း၊ ကဗျာ၊ ပုံပြင် ပြိုင်ပွဲများကို
ယနေ့ နံနက် ၀၉း၀၀ နာရီ ထားဝယ်မြို့  ၊ ထားဝယ်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ရှေးဦးစွာ
နှစ် (၇၀) ပြည့်အာဇာနည်နေ့ အကြိုလှုပ်ရှားမှုအဖြစ် သားငယ် ၊ သမီးငယ် (၃၆) ဦးက (ဗိုလ်တေဇ ၊ ဗိုလ်ချုပ်)
ခေါင်းစဉ်ဖြင့်သီချင်း၊ (အာဇာနည်နေ့၊ ဗိုလ်ချုပ်အောင်ဆန်း) ခေါင်းစဉ်ဖြင့်ကဗျာ၊ (အသွင်မတူ
ဖေးမကူ၊ မြန်မာပြည်မှာမွေးပါသည်၊ အများချစ်တဲ့သစ်ပင်) ခေါင်းစဉ်ဖြင့်ပုံပြင်များကို
ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုနောက်တိုင်းဒေသကြီး
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူး ဒေါ်ဖြူဖြူဝင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊
ဒုတိယဦးစီးမှူး ဒေါ်ဝေေ၀လွင်နှင့်တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်သော သားငယ်၊ သမီးငယ်များ
အား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဆုရရှိသော သားငယ်၊ သမီးငယ်များကို ဆုလက်ဆောင်များ
ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီးပြန်/ဆက်
No comments:
Post a Comment