တာချီလိတ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊
ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းသည် ဇူလိုင်လ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် တာချီလိတ်
(ရှမ်းအရှေ့) ရေပေးဝေရေး ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော
ရေပေးဝေရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်
လုပ်ငန်းများဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်စည်ပင်သာယာ ရေးဌာနခွဲ (ကျိုင်းတုံ)
မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးထွန်းထွန်းဇော်၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ
အင်ဂျင်နီယာ မှူး ဦးလှမျိုးနှင့် တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက်မှ
တာဝန်ရှိသူတို့က weir and Intake
Structure (ရေယူအဆောက်အဦ) တည်ဆောက်ပြီးစီးမှု၊ Water Treatement Plant (ရေသန့်စင်
အဆောက်အဦ) တည်ဆောက်ပြီးစီးမှု၊ Junction Valve Chamber တည်ဆောက်ပြီးစီးမှု၊ Raw
Water and Clear Water Pipe Line တပ်ဆင်ပြီးစီးမှုနှင့် (District Metering Area)
DMA 2 & DMA 4 ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများစနစ်တကျဖြစ်စေရေး
ရှင်းလင်းပြောကြားသည်။
အဆိုပါ အကျိုးတူဆောင်ရွက်လျက်ရှိသော
ရေပေးဝေရေးလုပ်ငန်းမှ သန့်ရှင်းသောသောက်သုံးရေးများကို မြို့ပေါ်ရပ်ကွက် များအား ၂၀၁၇
ခုနှစ်၊ နိုဝင်ဘာလကုန်ခန့်တွင် ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
No comments:
Post a Comment