ဘားအံ
ဇူလိုင် ၁၇
ဘားအံမြို့၌ ရောက်ရှိနေသည့် ကုလသမဂ္ဂ၏
မြန်မာနိုင်ငံ လူအခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီနှင့်
အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဘားအံမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားသည်။
မစ္စယန်ဟီလီနှင့်အဖွဲ့သည် ဘားအံမြို့သို့
ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်းက ရောက်ရှိခဲ့ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်
ဌာနဆိုင်ရာများနှင့် ပြည်ထောင်စုရိပ်သာ ပဒိုဒေးဗစ်တော ခန်းမ၌လည်းကောင်း၊ CSO များ၊
ကရင်လူမှု အဖွဲ့အစည်းများနှင့် သီရိဘားအံ ဟိုတယ် အစည်းအဝေး ခန်းမ၌လည်းကောင်း တွေ့ဆုံခဲ့သည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)
No comments:
Post a Comment