နေပြည်တော်
ဇူလိုင် ၁၇
မောင်တောမြို့နယ်တွင် ၂၀၁၆ ခုနှစ်က ငါးခူရရဲစခန်းအား
အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တရားခံပြေး နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည်
ဇူလိုင် ၁၆ ရက်က မောင်တောမြို့နယ် ဦးရှည်ကျ
ကျေးရွာအတွင်း လှည့်ကင်း ဆောင်ရွက်စဉ် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ငါးခူရ နယ်မြေရဲစခန်းအား
အကြမ်းဖက် စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တရားခံပြေးများ ဖြစ်သည့်
မာမောက်ရော်ရှီ (၄၂)နှစ်နှင့် အာယုပ် (၃၃) နှစ်တို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် ငါးခူရ နယ်မြေစခန်း၌ အမှုဖွင့်ပြီး စစ်ဆေးလျက်
ရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment