Tuesday, April 25, 2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ အင်ဒိုနီးရှား သမ္မတနိုင်ငံ အထက်လွှတ်တော်၊ အဖွဲ့အစည်းများ အရည်အချင်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ Prof. Dr. John Pieris နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် ဧပြီ ၂၅
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ အထက် လွှတ်တော်၊ အဖွဲ့အစည်းများ အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ Prof. Dr. John Pieris နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် လွှတ်တော်၏  ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ လွှတ်တော်များ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍  ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment