နေပြည်တော် ဧပြီ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မာရှယ်ကျွန်းစုသမ္မတနိုင်ငံ တို့သည်
ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကိုအခြေခံပြီး သံတမန်ဆက်သွယ်ရေးနှင့်
ကောင်စစ် ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းများနှင့် အညီ နှစ်နိုင်ငံချစ်ကြည်ရေးနှင့်
အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်လိုသည့် ဆန္ဒရှိကြသည့်အားလျော်စွာ ၂ဝ၁၇ ခုနှစ်
ဧပြီလ ၂၁ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆယ်အသွယ် ထူထောင်ကြသည်။
နှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထူထောင်သည့် ပူးတွဲကြေညာချက်ကို ဂျပန်နိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီးနှင့် ဂျပန်နိုင်ငံဆိုင်ရာ မာရှယ်ကျွန်းစု သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည်
၂ဝ၁၇ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တိုကျိုမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် သံတမန်ဆက်ဆံမှု တိုးချဲ့ရေးအတွက်
ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မာရှယ်ကျွန်းစုသမ္မတနိုင်ငံ သည် မြန်မာနိုင်ငံ၏ (၁၁၇)နိုင်ငံမြောက်
သံတမန်အဆက်အသွယ် ထူထောင်သည့် နိုင်ငံဖြစ်သည်။
(သတင်းစဉ်)
No comments:
Post a Comment