Sunday, April 23, 2017

မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းတိုးချဲ့ရပ် သန္တိသုခ ရောင်ခြည်ဦး စာကြည့်တိုက်တွင် ကလေးများကစားနိုင်ရန်အတွက် ဒါန်းစင်နှင့်လွှဲစင်များ ပေးအပ်လှူဒါန်း

မိတ္ထီလာ ဧပြီ ၂၃
မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းတိုးချဲ့ရပ် သန္တိသုခ ရောင်ခြည်ဦး စာကြည့်တိုက်တွင် ကလေး များ ဆော့ကစားနိုင်ရန်အတွက် ဒါန်းစင်နှင့်လွှဲစင်များကို ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီက အဆိုပါစာကြည့်တိုက်ရှေ့တွင် တပ်ဆင်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်လှူဒါန်းပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အမှာစကား ပြောကြားခဲ့ပြီး စာကြည့်တိုက်အတွက် ဒါန်းစင် တစ်စင်နှင့် လွှဲစင်နှစ်စင်ပေးအပ် လှူဒါန်းသည့် အလှူရှင် ဦးဥာဏ်လှိုင် (ရွှေစင်စတိုး)မှ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းရီက သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်းပြီး စာကြည့်တိုက်ကော်မတီ အတွင်းရေးမှူး ဦးစိန်မင်းက ဒါန်းစင်နှင့်လွှဲစင်များ လှူဒါန်းသည့် အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
"ယခင်က မွေးနေ့မှာဆိုရင် အခြားပရဟိတနေရာများမှာ သွားရောက်လှူဒါန်းလျှက်ရှိ ဒီနှစ်မှာဆိုရင် အသက် (၇၂) နှစ်ပြည့် အဖြစ် ဇောင်ချမ်းကုန်းတိုးချဲ့ရပ် သန္တိသုခ ရောင်ခြည်ဦး စာကြည့်တိုက်မှာ လာရောက်စာဖတ်ကြတာ အများအားဖြင့် ကလေးများဖြင့်သည့်အတွက် စာဖတ်ရင် ဆော့ကစားနိုင်ရန် ဒါန်းစင်တစ်စင်နှင့် လွှဲစင်နှစ်စင် ပေးအပ်လှူဒါန်းခဲ့သလို ကလေးများ အဆင်ပြေစွာစာဖတ်နိုင်ရန် ကလေးထိုင်ခုံများ၊ စားပွဲများကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါကြောင်း "အလှူရှင် ဦးဥာဏ်လှိုင်က ပြောကြားခဲ့သည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment