တောင်ကြီး
ဧပြီ ၂၃
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၊
နယ်မြေ(၅/တောင်)၊ အနောက်မြို့ပတ်လမ်းရှိ သန္တိသုခ ကျောင်းတိုက်ဝင်းအတွင်း သံဃာ ဦးဝိစိတ္တ၊
သက်တော်(၇၈)နှစ်၊ ၀ါတော်(၆)၀ါနှင့် ကပ္ပိယ ဦးသိန်းဟန် (ဘ) ဦးတင်မောင်၊ အသက်(၄၃)နှစ်၊
၉/ညဥန(နိုင်)၁၂၁၃၆၅ တို့သတင်းသုံးနေထိုင်သော ပျဉ်ကာ/သွပ်မိုး (တစ်ထပ်)(၁၅ ပေ× ၁၀ ပေ)ရှိ
အဆောက်အဦတစ်လုံးမှာ ဧပြီ ၂၃ ရက် ညနေ (၂း၁၅)နာရီက မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ လျှပ်စစ်ထမင်းပေါင်းအိုးတည်ရာမှ
အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသဖြင့် မီးလောင်ရာသို့ မြို့နယ် မီးသတ်မှ မီးသတ်ယာဉ်(၇)စီး၊
ရပ်ကွက်အတွင်းရှိ ရေသယ်ယာဉ်(၁)စီး မီးသတ်ဝန်ထမ်းများ၊ ပြည်သူများ ၀ိုင်းဝန်း မီးငြိမ်းသတ်ရာ
ညနေ(၂း၃၀)နာရီတွင် မီးငြိမ်းသွားကြောင်းသိရသည်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ် ရာရရှိမှုနှင့်
သေဆုံးမှုမရှိကြောင်းနှင့် ကာလတန်ဖိုး ငွေကျပ်(တစ်)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း၊ လျှပ်စစ်မီးကို
ပေါ့ဆစွာသုံးစွဲခဲ့သော ကပ္ပိယ ဦးသန်းဟန်အား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်

No comments:
Post a Comment