နေပြည်တော် ဧပြီ ၂၂
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော
မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီနိုင်ငံ တပ်မတော်စစ်ဦးစီးချုပ်
General Volker Weiker ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်မှထွက်ခွာသွားကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်းနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ
ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E.Mr. Christian-Ludwig Weber-Lortschနှင့် တာဝန်ရှိသူများကလေဆိပ်၌်
ပို့ဆောင်နှုတ်ဆက် ကြသည်။
မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ
ဇနီးဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။
မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီနိုင်ငံသို့ အသွား
ခရီးတွင် သြစတြီးယားနိုင်ငံသို့ အလုပ်သဘောဝင်ရောက်၍ သြစတြီးယားနိုင်ငံ တပ်မတော်စစ်ဦးစီးချုပ်နှင့်တွေ့ဆုံပြီး
စက်မှု လုပ်ငန်းများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)

No comments:
Post a Comment