နေပြည်တော်
မတ် ၂၂
ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင် သည် မတ် (၂၂)ရက် မွန်းလွဲ (၃)နာရီတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေး
ခန်းမ၌ ကျင်းပသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေး အဖွဲ့ KOICA တို့ ပူးပေါင်း၍ ရန်ကုန် - ဟံသာဝတီ- ပဲခူး စင်္ကြန်နှင့် ရန်ကုန်
အနောက်တောင်ပိုင်း ဒေသ ဖွံ့ဖြိုးရေး Master Plan ရေးဆွဲခြင်း အတွက် Project
Steering Committee ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက အဖွင့်အမှာစကား
ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ယခုကျင်းပသော
အခမ်းအနားသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကိုရီးယား
အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ KOICA တို့ ပူးပေါင်း၍ ရန်ကုန် - ဟံသာဝတီ-
ပဲခူး စင်္ကြန် နှင့် ရန်ကုန် အနောက်တောင်ပိုင်း ဒေသ ဖွံ့ဖြိုးရေး Master Plan ရေးဆွဲခြင်း
အတွက် Project Steering Committee ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊
နိုင်ငံသား အားလုံး လူနေမှု အဆင့်အတန်း မြှင့်တင်စေပြီး ယဉ်ကျေးမှု အမွေအနှစ် မပျောက်
ပျက်စေဘဲ သဘာဝ ပတ်ဝန်းကျင်၊ လူမှုစီးပွား ပတ်ဝန်းကျင်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေသည့်
ကျေးလက်နှင့် မြို့ပြများ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် အဆောက်အဦများ ထူထောင် တည်ဆောက်
သွားနိုင်ရေး အတွက် အဓိက ဦးတည်ချက် ထားရှိပါကြောင်း၊ နိုင်ငံတစ်ဝှမ်း မြို့ပြ ကျေးလက်
မကျန် ဖွံ့ဖြိုး တိုးတက်စေရန်၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရန် ၊ အခြေခံ အဆောက်အဦများ
ကောင်းမွန် ပြည့်စုံစေရန် အတွက် ဦးတည် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး
၊ လူမှုရေးနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရန် မြို့ပြ၏ အခန်းကဏ္ဍ အလွန် အရေးကြီးပါကြောင်း၊
လူဦးရေ ၇၀% သည် ကျေးလက် ဒေသများတွင် နေထိုင်သည့် အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဟာလည်း
အလွန်အရေးကြီးပါကြောင်း ၊ Growth Centre များဖြစ်သော မြို့ကြီးများနှင့် အနီးဝန်းကျင်
ဒေသ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် Regional Development နှင့် Urban Rural Linkages များကို ချိတ်ဆက် စဉ်းစားရန်
လိုအပ်ပါကြောင်း ၊ Strategic Urban Develpoment Plan of Greater Yangon (2040) စီမံကိန်းကို
ဂျပန်နိုင်ငံ (JICA) အကူအညီနဲ့ ပူးပေါင်း ရေးဆွဲ ဆောင်ရွက် ထားပါကြောင်း၊ ယခု ကျင်းပသည့်
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသည် စီမံကိန်း ဦးဆောင် ကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ဆွေးနွေးပွဲဖြစ်ပြီး
KOICA Consortium အဖွဲ့မှ Master Plan Regional Development Plan , Regional Transportation
Plan , Legal System, Future Plan , Action Plan များနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများ
တိုးတက်မှု အခြေအနေကို အစီရင်ခံခြင်းနှင့် အဆိုပြု စီမံကိန်းများအား ဆွေးနွေး တင်ပြသွားမှာ
ဖြစ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်း တာဝန်များနှင့် အညီ ဌာနများ၏ မူဝါဒ လမ်းညွှန်ချက်များနှင့်
ကိုက်ညီစေရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ပါဝင်ပြီး လိုအပ်သည့် အကြံပြုချက်များ၊
သုံးသပ်ချက်များ ဖြည့်စွက် ဆွေးနွေးပေးပါရန် မှာကြားပြီး တက်ရောက် လာကြသူများမှ မိမိတို့၏
သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment