နေပြည်တော်၊
မတ် ၂၂
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်
Democratic Control of Armed Forces (DCAF) ၏ မူဝါဒနှင့် သုတေသနရေးရာ အကြီးတန်းအဖွဲ့ဝင်
Dr. Albrecht Schnabel ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၀း၀၀ နာရီတွင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် DCAF အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ကဏ္ဍတွင် အရေးကြီးသော
လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊
လွှတ်တော်၏ ဥပဒေပြုရေး အပိုင်းတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့်
ဥပဒေပိုင်းဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်း ကိစ္စရပ်များနှင့် လွှတ်တော်နှင့် သက်ဆိုင်သော
ကိစ္စရပ်များကို ကူညီ ပံ့ပိုးပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော်
ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အတူ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment