Tuesday, March 21, 2017

စစ်တွေခရိုင်ရဲတပ်ဖွဲ့မှ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းများတွင် ပိတ်ဆို့နေသည့် သစ်ကိုင်းများ ရှင်းလင်း



စစ်တွေ   မတ်လ   ၂၀
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် (၂၀.၃.၂၀၁၇) ရက်နေ့ နေ့လည် ၁ နာရီ ၂၀ မိနစ် အချိန် ရုတ်တရက်မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ပေါ်ရှိ လမ်းများတွင် သစ်ကိုင်းများ ကျိုးကျခဲ့မှုကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များ သွားလာရာတွင် အခက်အခဲများဖြစ်နေ၍ စစ်တွေခရိုင် လုံခြုံရေးတပ်ခွဲမှ ဒုရဲအုပ်သက်မင်းထွန်းဦးစီး သည့် တပ်ဖွဲ့ဝင်အင်အား (၃၂)ဦး ပါဝင်သော အဖွဲ့သည် မေယုလမ်း၊ ပြည်နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ လမ်းပတ်ဆို့မှုအား သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ရာ ၃ နာရီ အချိန် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment