Tuesday, March 21, 2017

အရှိန်လွန်မော်တော်ယာဉ် လမ်းဘေးသစ်ပင်ဝင်တိုက်ကာ မီးလောင်မှုဖြစ်ပွား




ကျောင်းကုန်း   မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကိုင်းတာအုပ်စု၊ ကျောက်ဖျာခုံးတံတားအနီး မတ်လ ၂၁ ရက်နေ့ နံနက် (၀၀း၃၀)နာရီ အချိန်ခန့်တွင် အရှိန်လွန်မော်တော်ယာဉ် တစ်စီး လမ်းဘေး သစ်ပင်ဝင်တိုက်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

အမှုမှာ ကိုင်းတာအုပ်စု၊ ကျောက်ဖျာခုံးတံတားအနီး၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် ၇၁/၀ နှင့် ၇၁/၁ ကြားတွင် ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ တင်ဌေး(၃၇)နှစ်၊ အင်းစိန်မြို့နယ်နေသူ မောင်းနှင်ပြီး၊ နောက်တွင် သိမ့်ချစ်အောင်၊ အင်းစိန်မြို့နယ်နေသူ လိုက်ပါ စီးနင်းလာသည့် 7F/--------
ပရိုဘောက် အဖြူရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏တစ်ဘက်ခြမ်းသို့ ထိုးကျပြီး၊ လမ်းဘေးရှိ မလေးရှား ပိတောက်ပင်အား ဝင်တိုက်ကာ မော်တော်ယာဉ်မှာ မီးလောင်ကျွမ်းသွားခဲ့သည်။
ယာဉ်မောင်း တင်ဌေးတွင် နဖူးတစ်လက်မခန့် ပေါက်ပြဲဒဏ်ရာများနှင့် သိမ့်ချစ်အောင်တွင် ဝဲဘက်နံဘေး ဖူးရောင်၊ ဝဲနံရိုးကျိုးသည့် ဒဏ်ရာများ အသီးသီးရရှိသွားခဲ့ကြသည်။
ဒဏ်ရာရရှိသူနှစ်ဦးအား ဒို့အမျိုးသားကွမ်းယာဆိုင်မှ ကိုသီဟဇော်မှ ပြည်သူ့ဆေးရုံသို့ ကြုံရာကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး၊ မီးသတ်ဦးစီးဌာနမှ မီးလောင်နေသော ကားအား မီးငြိမ်းခဲ့ကြသည်။
တာဝန်မှူး ဒုရဲအုပ်သန့်ဇင်မှ အခင်းဖြစ်ရပ်အား စစ်ဆေးပြီး၊ ယာဉ်မောင်းတင်ဌေးတွင် အရက်သေစာ သောက်စားထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းဖြင့် လူကို ထိခိုက်နာကျင်စေပြီး၊ မော်တော်ယာဉ်အား မီးလောင်ကျွမ်းစေသူ တင်ဌေးအား ကျောင်းကုန်း မြို့မရဲစခန်းတွင် ယာဉ်(ပ)၁၆/၂၀၁၇၊ ရာဇသတ်ကြီိး ဥပဒေ ပုဒ်မ ၃၃၈/၃၃၇/၂၇၉/၂၈၅ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment