Tuesday, March 21, 2017

ကျောက်မျက်ရိုင်းများနှင့်ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတတိယနေ့ ဆက်လက်ကျင်းပ


နေပြည်တော် မတ် ၂၀
ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တတိယနေ့ကို ယနေ့နံနက် ၈ နာရီမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ယနေ့တွင် ကျောက်မျက်အတွဲများအတွက် ယမန်နေ့က ဈေးနှုန်း တင်သွင်းခဲ့သည့် အဆိုပြုလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကြပြီး တင်ဒါ အောင်မြင်သူ စာရင်းကို ကြေညာသည်။
ထို့ပြင် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀၀ အထိ ဈေးနှုန်းအဆိုပြု လွှာများကို  ၀ယ်ယူလိုသူများက တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ကျောက်စိမ်း အတွဲအမှတ် ၁၅၀၁ မှ အတွဲအမှတ် ၃၀၀၀ ကို မတ် ၂၂ ရက်တွင် လည်းကောင်း၊ အတွဲအမှတ် ၃၀၀၁ မှ အတွဲအမှတ် ၄၄၅၄ ကို မတ် ၂၂ ရက်တွင် လည်းကောင်းအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment