Tuesday, March 21, 2017

ကျွန်းလှတွင်ကျေးရွာများ နွေရာသီသောက်သုံးရေပြတ်လပ်မှု မရှိရေးကွင်းဆင်းဆောင်ရွက်

ကျွန်းလှ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများနွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိရေး မတ် ၂၁ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

"ကျွန်တော်တို့ ကျေးရွာတွင်အိမ်ခြေ ၁၀၀ ရှိပြီး လူဦးရေ ၅၀၀ ခန့်နေထိုင်ကြပါတယ်။ ကျေးရွာအတွင်းမှာ စက်ရေတွင်း/ လက်နှိပ်ဘုံဘိုင်တွင်း/ တစ်ပုံတွင်းများရှိပြီးနွေရာသီ ရေပြတ်ခြင်းမရှိသော်လည်း ထုံးဓါတ်ပါသော ရေထွက်ရှိခြင်းကြောင့် အိမ်သုံးရေနှင့် ကျွဲ/နွား သောက်ရေအဖြစ်သုံးကြပါတယ်။ သောက်ရေကို မြေသားကန်မှ ခတ်ယူသုံးစွဲကြပါတယ်ဟု" ရွာသီကျေးရွာ ဦးစိန်တင့်ကပြောပြသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၈ဒသမ၅ဖြင့် ရွာသီ/ရွှေတောင်/ ငါးဘတ်အိုင်/ သဖန်းဆိပ်/ မကျည်းကုန်းကျေးရွာများတွင် (အလျား၁၀၀×အနံ၁၀၀×အမြင့်၆) ပေမြေသား ရေကန် ငါးကန်အားတူးဖော် ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို/ကျွန်းလှ

No comments:

Post a Comment