Thursday, March 16, 2017

စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး မစ္စတာဂိုချောက်တောင်နှင့်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နေပြည်တော် မတ် ၁၆
စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး မစ္စတာဂိုချောက်တောင်နှင့် အဖွဲ့သည် ယနေ့ညပိုင်းတွင် နေပြည်တော် မှ ပြန်လည်ထွက်ခွာသွားသည်။

စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီးနှင့်အဖွဲ့အား ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment