မုံရွာ မတ် ၂၁
ယာဉ်မတော်တဆမှုများ
လျော့နည်းပပျောက်စေရန်အတွက် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်သူများကို
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်များသည် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ မော်တော်ယာဉ် ထော်လာဂျီ၊ သုံးဘီဆိုင်ကယ်၊
မော်တော်ဆိုင်ကယ်များနှင့် အခြားစက်တပ်ယာဉ်များ များပြားလာပြီး ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိရာ
ယာဉ်မောင်း များ၊ ယာဉ်စီးနင်းသူများနှင့် လမ်းသွားလမ်းလာကြသည့် ပြည်သူများ၊ ယာဉ်မတော်
တဆမှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးရေး လုပ်ငန်းများကို
အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း
သိရသည်။
''ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို
အများပြည်သူ ပညာပေးအစီအစဉ်များ ပြုလုပ်နိုင်ရန်အတွက် အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းများပါဝင်ကူညီနိုင်ရန်အတွက်
တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန်မြို့မှာ အခြေစိုက်တဲ့လူမှုရေး အဖွဲ့အစည်းတစ်ခုမှ
တိုင်းဒေသကြီးအစိုးရကို ကြိုတင်ကမ်းလှမ်းတာ ရှိပါတယ်၊ အဲဒိအဖွဲ့နဲ့ တွေ့ဆုံပြီး စစ်ကိုင်းတိုင်းဒေသကြီး
အတွင်းမှာ အစိုးရမဟုတ်သော လူမှုရေးအသင်းများ ကနေပြီးတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ
ပညာပေးမှုများကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်'' ဟု တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက
ပြောသည်။
ယာဉ်မတော်တဆမှုများ
လျော့နည်းပပျောက်စေရန် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံး၊ ဒါဏ်ရာ ရမှုများလျော့နည်း
စေရန်၊ မြို့နယ်များရှိယာဉ်စည်းကမ်း၊လမ်းစည်း ကမ်းထိန်းသိမ်းရေးကော်မတီများနှင့် အရပ်ဘက်
လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်း လုပ်ငန်းများကို
လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင်
ယာဉ်မတော်တဆမှုများကြောင့် နှစ်စဉ်သေဆုံးမှုများ မြင့်တက်လျက်ရှိရာ (၂ဝ၁၃) ခုနှစ်တွင်
(၃၉၄)ဦး၊ (၂ဝ၁၄)ခုနှစ်တွင်(၄ဝ၅)ဦး၊ (၂ဝ၁၅)ခုနှစ်တွင်(၄၃၆)ဦး၊ (၂ဝ၁၆)ခုနှစ်တွင်(၄၂၁)ဦးထိရှိကြောင်း
မှတ်တမ်း များအရ သိရသည်။
မင်းဝေ(မုံရွာ)
No comments:
Post a Comment