Tuesday, March 21, 2017

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တိုက်ပွဲရှောင်ပြည်သူများအား တတိယအကြိမ်ထောက်ပံ့

လားရှိုး မတ် ၂၁
လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိနေသော လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင် ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို မတ်လ ၂၁ ရက် နံနက် ၁၁ နာရီအချိန်က ကျင်းပသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ မတ်လ (၂၁) ရက်နေ့က ထောက်ပံ့ပစ္စည်းပေါင်း စုစုပေါင်းတန်ဖိုး (၅၆၅၃၉၀၀) ကျပ်တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်များကို လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်း တို့က   လောက်ကိုင်ဒေသခံ အိမ်ထောင်စု(၂၀)၊ လူဦးရေ (၇၈) ဦးတို့အတွက်ပေးအပ်ခဲ့ပြီး မန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများ စုစုပေါင်း(၆၆၂၅)ဦးရှိခဲ့ပြီး မိမိဒေသသို့ ပြန်ကြသူများအား ကားအစီးရေ (၁၅၅) စီးဖြင့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာရှင်များက ကူညီထောက်ပံ့ပေးခဲ့ကြသည်။ မတ်လ (၂၁) ရက်နေ့ အထိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများစုစုပေါင်း (၁၂၁၆၅၆၀၀) ကျပ်တန်ဖိုးအား ပေးအပ်ထောက်ပံ့ပြီး ဖြစ်ကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment