Thursday, March 16, 2017

ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများ ဖိတ်ခေါ်

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအ္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၁၇ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိမ်(၂၀)မြောက် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများအတွက် ယှဉ်ပြိုင်မည့် စာမူနှင့်လက်ရာများ ဖိတ်ခေါ်ထားသည်။

(၁) ပြိုင်ပွဲဝင်ရမည့် ဆောင်ပုဒ်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
(က) လူသားတို့က္ဘာ မပျက်သုဉ်းဖို့ အ္တရာယ်မူးယစ် ဆန့်ကျင်စို့
( ခ) မူးယစ်ကင်းစင်ပြည်တစ်ခွင် စည်ပင်ဖွံ့ဖြိုး စီးပွားတိုး
( ဂ) အားကစားဖြင့် မျိုးဂုဏ်မြှင့်ဖို့ မူးယစ်ဆေးကို ဆန့်ကျင်စို့
(ဃ) သက်ရှည်ကျန်းမာလူသားက္ဘာ မူးယစ်ဆေးဝါး တိုက်ဖျက်ပါ
( င) မူးယစ်စွဲသူဖေးမကူ ရောင်းချသူကိုအရေးယူ ပြိုင်တူဆောင်ရွက် တိုင်းပြည်တွက်
( စ) ဦးစွာနားထောင်ပါ
Listen           Listening to children and youth
FIRST        is the first step to help them grow healthy and safe
(၂) ဝတ္ထုတိုနှင့် ဆောင်းပါးစာမူကို စာတစ်မျက်နှာတည်းတွင် သပ်ရပ်စွာရေး၍ သို့မဟုတ် ကွန်ပျူတာစာစီ၍ မူရင်းနှင့် မိတ္တူပေါင်း နှစ်စောင်ပေးပို့ရမည်။ စာလုံးရေ ၃၀၀၀ မှ ၅၀၀၀ အတွင်းဖြစ်သည်။
(၃) ကဗျာစာမူကို စာတစ်မျက်နှာတည်းတွင် သပ်ရပ်စွာရေး၍ သို့မဟုတ်ကွန်ပျူတာစာစီ၍ မူရင်းနှင့်မိတ္တူပေါင်း နှစ်စောင်ပေးပို့ရမည်။ စပ်ထုံး စပ်နည်းမှန်ကန်ပြီး စာကြောင်းရေ ၅၀ မှ ၁၀၀ ၊ ( ပါဒ ၁၀၀ မှ ၂၀၀ ) အတွင်း ရှိရမည်။
(၄) တေးသီချင်းသည် တစ်ဦးချင်း သို့မဟုတ် အဖွဲ့နှင့် သီဆိုနိုင်ပြီး ပရိသတ်နားစွဲ လွယ်သော ကိုယ်ပိုင်သံစဉ် သီချင်းသစ်ဖြစ်ပြီး စကားလုံးကျစ်လျစ် ထိရောက်ရမည်။ အပြီးသတ်အချောသွင်းထားသော သီချင်း CD Master နှင့် အတူ စာသားကို သပ်ရပ်စွာရေး၍ (သို့မဟုတ်) ကွန်ပျူတာစာစီ၍ မူရင်း တစ်စောင်ကို ဂီတသင်္ကေတ မူရင်းတစ်စောင်နှင့်အတူ ပေးပို့ရမည်။
(၅) ဓာတ်ပုံသည် Photo Essay အဖြစ် ရောင်စုံ သို့မဟုတ် Monochrome ဖြစ်ပြီး ရွေးချယ်ထားသည့် ဆောင်ပုဒ်နှင့် လျော်ညီစွာ ရိုက်ကူးထားသော ပုံသေး သုံးပုံမှ ငါးပုံအထိ ထည့်သွင်းပေးပို့ရမည်။ အဆိုပါ ပုံငယ်များ၏ Original Files များနှင့် 12'' _18'' အရွယ် ဓာတ်ပုံ၏  FINAL OUTPUT PRINT FILE ကို CD  တွင် ထည့်သွင်းပေးပို့ရမည်။
(၆) ကွန်ပျူတာပိုစတာသည် ခေါင်းစဉ်နှင့်ရေးဆွဲမှု ထိရောက်သေချာရမည်။ တင်ပြပုံ ရှင်းလင်းသပ်ရပ်ရမည်။ ယှဉ်ပြိုင်သည့်ပုံအား 7'' x 9'' အရွယ် A4 Size စက္ကူနှင့် ပုံထုတ်ပြီး CD ဖြင့် ကူးယူပေးပို့ရမည်။ ယခင်နှစ်များမှ ဆုရရှိပြီးသောပုံများအား ကူးယူရေးဆွဲခြင်းမပြုရ။
(၇) ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ဟူ၍ (၃)ဆင့် ယှဉ်ပြိုင်ခွင့်ပြုသည်။ မူလတန်းအဆင့် (၃/၄ တန်း)၊ အလယ်တန်း အဆင့် (၅/၆/၇ တန်း)နှင့် အထက်တန်းအဆင့် (၈/၉/၁၀တန်း) ဖြစ်ပါသည်။ ရေးဆွဲမည့် စက္ကူယူလာရန်မလိုပါ။ 15'' x 20'' အရွယ် ရေးဆွဲရမည်။ ခဲတံဖြင့် ရေးဆွဲခြင်းမပြုရ။ နှစ်သက်ရာဆေးကို ယူလာပြီး နှစ်သက်ရာနည်းဖြင့် ပန်းချီ၊ ပိုစတာရေးဆွဲချိန် သုံးနာရီ၊ ကာတွန်းရေးဆွဲချိန် ၂ နာရီ သတ်မှတ်၍ ကျောဘက်တွင် လက်မှတ်ရေးထိုးရမည်။
(၈) ကွန်ပျူတာပန်းချီပြိုင်ပွဲကို အလယ်တန်းနှင့် အထက်တန်းဟူ၍ နှစ်ဆင့်ခွဲပြီး ယှဉ်ပြိုင်ခွင့်ပြုသည်။ အလယ်တန်းအဆင့် (၅/၆/၇ တန်း) နှင့် အထက်တန်းအဆင့် (၈/၉/၁၀ တန်း)ဖြစ်ပါသည်။ ပြိုင်ပွဲအချိန်အတွင်း ရေးဆွဲထားသော ပုံဖြစ်ရမည်။ အသင့်ရေးဆွဲထားသော ပုံမပါစေရ။ Software Programme udkCorel draw, Photoshop, Claris office ကြိုက်ရာတစ်မျိုးမျိုးဖြင့် ရေးဆွဲနိုင်သည်။ ရေးဆွဲချိန် ၃ နာရီ သတ်မှတ် ရမည်။ ယှဉ်ပြိုင်သည့် ပုံအား A4 Size စက္ကူနှင့် ပုံထုတ်ပြီး CD ဖြင့်ကူးယူရာတွင် မူရင်းပုံအပြင် JPEG Format ဖြင့် ပုံကိုသိမ်းဆည်း၍ ပေးပို့ရမည်။ ယခင်နှစ်များမှ ဆုရရှိပြီးသောပုံများအား ကူးယူရေးဆွဲခြင်းမပြုရ။
(၉) ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲတို့တွင် ပွဲတစ်ခုစီအတွက် တစ်ဦးလျှင်စာမူ တစ်စောင်၊ တေးသီချင်းပြိုင်ပွဲတွင် တစ်ဦးလျှင်တစ်ပုဒ်၊ ကွန်ပျူတာပိုစတာပြိုင်ပွဲတွင် တစ်ဦးလျှင် တစ်ပုံ ယှဉ်ပြိုင်ခွင့်ရှိသည်။
(၁၀) ဓာတ်ပုံပြိုင်ပွဲဝင်တစ်ဦးလျှင် 12'' x 18'' လက်မအရွယ် Photo Essay လေးပုံအထိ ယှဉ်ပြိုင်နိုင်သည်။ ပုံများ၏ အကြောင်းအရာ Caption ကိုစာကြောင်းရေ ငါးကြောင်းခန့် ရေးသားပြီး ဓာတ်ပုံ၏ နောက်ဘက်တွင်ကပ်ထားရမည်။ ပြိုင်ပွဲဝင် တစ်ဦးလျှင် ဆုကြီး တစ်ဆုနှင့် နှစ်သိမ့်ဆု နှစ်ဆုခံစားခွင့်ရှိသည်။
(၁၁) ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲဝင်များသည် အတန်းအထောက်အထားအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ ထောက်ခံချက်ဖြင့် တိုင်းဒေသကြီး/ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအ္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များမှ ကြီးမှူးကျင်းပသည့် လက်တွေ့ရေးဆွဲ ယှဉ်ပြိုင်ပွဲများမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်။ တိုင်းဒေသကြီး^ပြည်နယ်များမှ သင့်လျော်သည့် နေ့ရက်တွင်ပြိုင်ပွဲကျင်းပရမည်။
(၁၂) ပြိုင်ပွဲဝင်များအားလုံးသည် ပတ်စ်ပို့အရွယ် ဓာတ်ပုံ နှစ်ပုံ၊ အမည်ရင်း၊ကလောင် အမည်၊ အမျိုးသား မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ကိုယ်ရေးအကျဉ်း၊ ကိုယ်တိုင် ရေးသား၊ သီကုံး၊ ရိုက်ကူး၊ ရေးဆွဲခြင်းဖြစ်ကြောင်း၊မည်သည့်စာစောင်တွင်မှ ပုံနှိပ်ဖော်ပြဖူးခြင်း မရှိကြောင်းနှင့် ဆုရရှိခဲ့ဖူးခြင်းမရှိကြောင်း ဝန်ခံချက် ပူးတွဲ ပေးပို့ရမည်။
(၁၃) ပြိုင်ပွဲဝင် စာမူများနှင့် လက်ရာများကို တာဝန်ခံ၊ မူးယစ်ပြတိုက်၊ ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ လိပ်မူပေးပို့ရမည်။ ဆက်သွယ်ရန် ဖုံးအမှတ်မှာ ၀၁-၅၀၅၂၆၁ ဖြစ်သည်။
(၁၄) ပြိုင်ပွဲဝင်စာမူနှင့် လက်ရာများ၊ နောက်ဆုံးရောက်ရှိရမည့် နေ့ရက်များမှာအောက်ပါအတိုင်း ဖြစ်သည်-
(က) တေးသီချင်း                                         ၃- ၅-၂၀၁၇
( ခ ) ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ                       ၁၂- ၅-၂၀၁၇
(ဂ) ဓာတ်ပုံ                                                  ၅- ၆-၂၀၁၇
(ဃ) ကွန်ပျူတာပိုစတာ                                   ၆- ၆-၂၀၁၇
(င) ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ       ၈- ၆-၂၀၁၇
(၁၅)ပြိုင်ပွဲအားလုံးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု သုံးဆုရွေးချယ်မည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ကျင်းပသည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်မည် ဖြစ်ပါသည်။ အလွတ်တန်း ပြိုင်ပွဲများမှ ပထမဆုရရှိသူ ခြောက်ဦးကို နေပြည်တော်တွင် ဆုချီးမြှင့်မည် ဖြစ်သည်။
(၁၆) ရွေးချယ်ခြင်းမခံရသည်များကို ပြန်လည်ပေးပို့မည် မဟုတ်ပါ။မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူကာပြည်သူအားလုံးမှ တက်ကြွစွာ ပူးပေါင်းပါဝင် ယှဉ်ပြိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

(သတင်းစဉ်)

No comments:

Post a Comment