Wednesday, March 22, 2017

ခါကာဘိုရာဇီဒေသကို ကမ္ဘာ့သဘာဝအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခံရရန် ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းစဉ်များ ချပြရှင်းလင်း


ပူတာအို     မတ်       ၂၂

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း သစ်တောဦးစီးဌာနနှင့်WCS တို့ပူးပေါင်းမှုဖြင့်   ခါကာဘိုရာဇီဒေသကို ကမ္ဘာ့သဘာဝအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခံရရန်  ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ဒေသခံပြည်သူများသိရှိနိုင်ရန်အတွက် ချပြရှင်းလင်းပွဲအခမ်းအနားကို မတ်(၂၂)ရက် နံနက်(၉) နာရီက ပူတာအိုမြို့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ပညာပေးပြခန်းကျင်းပသည်။


အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဌာန၀န်ကြီး ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့  ခါကာဘိုရာဇီ သဘာဝအမွေအနှစ် ဒေသကြီးကြပ် ညှိနှိုင်း ရေး ကော်မတီဥက္ကဌ      ဦး H လအောင်က အဖွင့်အမှာစကား ပြောကြားပြီး သစ်တောဦးစီးဌာန ပြည်နယ် ဦးစီးမှူး ၊ ခါကာဘိုရာဇီ သဘာဝအမွေအနှစ်ဒေသကြီး ကြပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးအောင်မြက ခါကာဘိုရာဇီ    သဘာဝအမွေအနှစ်ဒေသကြီး ကြပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေ အနေ များနှင့်တွေ့ရှိချက်များကို ဒေသခံ တိုင်းရင်းသားကိုယ်စားလှယ်များအား ပရိုဂျက်တာဖြင့် ချပြရှင်း လင်းကာ တက်ရောက်လာသည့်  ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရ၀မ် ၊ လီဆူ ၊ ဂျိမ်းဖော ၊ ခန္တီးရှမ်းစာပေနှင့်ယဉ် ကျေးမှုအဖွဲ့ကိုယ်စားလှယ်များက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ခဲ့ကြသည်။

ဆက်လက်၍ သားဌက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်မှ   (Technical Coordinator ) ဒေါ် မြင့်မြင့်ဦးက ခါကာဘိုရာဇီတောင်ပိုင်း တိုးချဲ့ဧရိယာ(အဆိုပြု)သတ်မှတ်နိုင်ရေးနှင့်ခါကာဘိုရာဇီကမ္ဘာ့ သဘာဝအမွေအနှစ်ဒေသ သတ်မှတ်နိုင်ရေး လုပ်ငန်းများဆိုင်ရာ ကွင်းဆင်းလေ့လာတွေ့ရှိမှုများအား ရှင်းလင်း တင်ပြပြီး တက်ရောက်လာသူများက ခါကာဘိုရာဇီ ကမ္ဘာ့သဘာဝအမွေအနှစ်   စာရင်းဝင် ဒေသအဖြစ် သတ်မှတ်ခံရရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက် များကိုမေးမြန်းဆွေးနွေး သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၀န်ကြီး ၊   ကချင်ပြည်နယ် အစိုးရ အဖွဲ့ ခါကာဘိုရာဇီ  ကမ္ဘာ့သဘာဝအမွေအနှစ် ဒေသကြီးကြပ်ညှိနှိုင်းရေး ကော်မတီဥက္ကဌက      တက် ရောက်လာ သူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားသွားမည်ဖြစ်ပြီး    ခါကာ ဘိုရာဇီ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မောင်း ဦးဆောင်ကာ ခါကာဘိုရာဇီဒေသကို ကမ္ဘာ့ သဘာဝ အမွေ အနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခံရရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ တက်ရောက်လာသူများက အုပ်စုလိုက်ဆွေးနွေးခြင်းဖြင့် လုပ်ငန်းစဉ်အတွက် လိုအပ်ချက် များကို အဖြေရှာဖော်ထုတ် သွားမည်ဖြစ်ကြောင်းသိရသည်။


ခရိုင်ပြန်/ဆက်(ပူတာအို)   

No comments:

Post a Comment