နေပြည်တော် မတ် ၂၂
ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း
အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ စတုတ္ထနေ့ကို ယနေ့နံနက် ၈ နာရီမှ စတင်၍
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။
ယနေ့ ရောင်းချပွဲတွင် နိုင်ငံသား ရတနာ
ကုန်သည်များသည် နံနက် ၈နာရီမှ ညနေ ၅ နာရီ အထိ ခင်းကျင်း ပြသထားသည့် ကျောက်စိမ်း အတွဲများကို
ကြည့်ရှု ရွေးချယ် မှတ်သားကြပြီး အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချမည့် ကျောက်စိမ်း
အတွဲများအတွက် ဈေးနှုန်း တင်သွင်းလွှာများကို သတ်မှတ် တင်ဒါပုံးများ အတွင်း ထည့်သွင်းကြသည်။
ရောင်းချပွဲ စတုတ္ထနေ့တွင် ယမန်နေ့က ဈေးနှုန်း
တင်သွင်းခဲ့သည့် ကျောက်စိမ်း အတွဲပေါင်း ၁၅၀၀ အတွက် အဆိုပြုလွှာများကို တာဝန် ရှိသူများက
ဖွင့်ဖောက် စစ်ဆေးကြပြီး တင်ဒါ အောင်မြင်သူ စာရင်းကို ကြေညာသည်။
ထို့ပြင် ကျောက်စိမ်း အတွဲအမှတ် ၁၅၀၁
မှ အတွဲအမှတ် ၃၀၀၀ အတွက် ၀ယ်ယူ လိုသူများက ဈေးနှုန်း တင်သွင်းလွှာများကို သတ်မှတ် တင်ဒါပုံးများ
အတွင်းသို့ ထည့်သွင်းကြရာ ဗဟို ကော်မတီဝင်များနှင့် တာဝန် ရှိသူများက လိုအပ်သည်များကို
လိုက်လံ ကြီးကြပ် ကူညီ ဆောင်ရွက် ပေးကြသည်။
ကျောက်စိမ်း အတွဲအမှတ် ၁၅၀၁ မှ အတွဲအမှတ်
၃၀၀၀ အတွက် တင်ဒါအောင်မြင်သူ စာရင်းကို မတ် ၂၃ ရက်တွင် ကြေညာ သွားမည် ဖြစ်ပြီး ကျောက်စိမ်းအတွဲအမှတ်
၃၀၀၁ မှ အတွဲအမှတ် ၄၄၅၄ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း
အသားကျောက်များ မြန်မာ ကျပ်ငွေဖြင့် ရောင်းချပွဲကို မတ် ၂၄ ရက် အထိ နေပြည်တော်ရှိ မဏိရတနာ
ကျောက်စိမ်း ခန်းမ၌ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
(သတင်းစဉ်)
No comments:
Post a Comment