ဆူးငှက်
ကျွန်တော် မှတ်မိနေသော
ကင်းဝန်မင်းကြီးက မဟာမုနိဘုရား ကြီးပရိဝုဏ်အတွင်းမှာ ရှိခဲ့ဖူးသည်။ ဘုရားကြီးသို့ ရောက်လေတိုင်း
ဂန္ဓကုဋိတိုက်ကြီး၏ တောင်ဘက်မှာရှိသော ပြတိုက်ကြီး သို့ မရောက်ရောက်အောင် သွားသည်။
ပြတိုက်ကြီးထဲမှာရှိသော မြန်မာမင်း လက်ထက်ဝန်ကြီးများ ရုပ်လုံးနှင့်အတူ သီပေါမင်း
နှင့်စုဖုရားလတ်ရုပ်လုံး၊ မင်းတုန်းမင်းကြီး ရုပ်လုံးတို့ကို ကြည့်၍မဝ ဖြစ်မိ၏။
ပန်းချီကျော်ဦးချစ်မြဲ၏ မြေနန်းပြာသာဒ်နောက် ခံပန်းချီကားကြီးနှင့်အတူ
မင်းတုန်းမင်းကြီးပုံက ခန့်ညားလှ သည်။ လက်ထဲတွင် သားမွေးယပ်တောင် တစ်ချောင်းကိုင်
ထား၏။
ထို့အတူ
မင်းတုန်းမင်းကြီး၏ ဘယ်ဘက်တွင်သားတော် သီပေါမင်းနှင့် စုဖုရားလတ်တို့၏
ရုပ်တုရှိသည်။ သီပေါ ကိုယ်တော်က စင်းသော အကြည့်ဖြင့်ငေးနေ၏။ စုဖုရားလတ်
မိဖုရားကမူ မှေးသော်လည်း စူးရှသည့် မျက်လုံးအစုံဖြင့် ကြည့်နေသည်။
'ဖရန်စစ်'ပြည်ဖြစ် ဖန်သလွန်ကိုလည်း ယင်းရုပ်တုများနှင့် အတူပြသထား၏။ တစ်ခါကမူ
စုဖုရားလတ် မိဖုရားရုပ်တုတွင် ပန်ဆင်ထားသောနားတောင်းအား ဖောက်ထွင်းမှုတစ်ခု
ဖြစ်ပွားခဲ့ဖူးသည်။
ရှင်ဘုရင်များ၊
ရုပ်တုများနှင့် မျက်နှာချင်းဆိုင်တွင်ဝန်ကြီး၊ မှူးမတ်ကြီး၊
စစ်သူကြီးများရုပ်တုရှိသည်။ ထိုရုပ်တုများထဲတွင် အခုပြန်စဉ်းစားမိနေသောရုပ်တုမှာ
ကင်းဝန်မင်းကြီးရုပ်တုဖြစ် ၏။ ရွှေစလွယ်ကြီးနှင့်အတူ သူ၏ထူးခြားလှသောနှုတ်ခမ်းမွေး
ကြီးကို မြင်ယောင်နေမိသည်။
ကလေးဘဝကတည်းက
အိပ်ရာဝင်ကြားဖူးခဲ့ရသော ပုံ ပြင်နိပါတ်များတွင်စိတ်အဝင်စားဆုံးက မ္တလေးနန်းတွင်း
ပုံပြင်များဖြစ်၏။ မိမိအမြဲ မြင်ဖူးနေသောကျုံးနှင့်မြို့ရိုးကြီး အတွင်းက
အဖြစ်အပျက်များမို့ စိတ်ဝင်စားမိတာ ဖြစ်လိမ့်မည်။ နန်းတွင်းမှာ
ညီလာခံဘယ်လိုကျင်းပတာ၊ မိဖုရားတွေ၊ အပျိုတော်တွေဘယ်လိုနေကြထိုင်ကြရတာ၊
ပါတော်မူသွားတာက ဘယ်လိုစသည်ဖြင့် ညစဉ်မငြီးနိုင်အောင် နားထောင်ရသည့်
ပုံဝတ္ထုများဖြစ်၏။ ထိုပုံဝတ္ထုများ၏ဇာတ်ကောင်များတွင် ရုပ်လုံးကြွနေသည်က
ကင်းဝန်မင်းကြီးဖြစ်ပါသည်။
'ဦးကောင်းလိမ်ထုတ်၊
မင်းဆက်ပြုတ်'ဟူသောလင်္ကာ အသွားလေးကို တတွတ်တွတ်ဆိုရင်း ကင်းဝန်မင်းကြီးကို
လူကြမ်းကြီးတစ်ဦးလို မှတ်ထင်စွဲမြဲနေသည်။ နောက်တော့ ဇာတ်ပွဲတွေမှာလည်း
ကင်းဝန်မင်းကြီးဆိုတာ ဗီလိန်ဇာတ်ရုပ် ဖြင့်သာ ခင်းကျင်းပြသကြသည်။ အင်္ဂလိပ်စကားတွေ
တွင်တွင် ပြောရင်း တိုင်းပြည်ကိုရောင်းစားသွားသူဟု သရုပ်ဖော်ကြ သည်။
နောက်တော့
စာအုပ်တွေတော်တော်များများ ဖတ်ကြည့် သောအခါ ထိုစွပ်စွဲချက်များကလည်း
တရားသေဆန်လွန်းလှ၏။ ဘာပဲပြောပြောကင်းဝန်မင်းကြီးသည် ခေတ်ကို ထိုးဖောက်မြင် ကြည့်သူ
ဖြစ်၏။ ဥရောပတစ်ခွင်ရောက်ဖူးသူ ဖြစ်သောကြောင့် ရွှေတွင်း၊ ငွေတွင်း၊
ပယင်းဒုတ္ထာတွင်းများပိုင်ရှင် မြန်မာဘုရင် ဧကရာဇ်ဆိုတာ က္ဘာနှင့်ယှဉ်သောအခါ
နောက်ကျကျန်ရစ် နေတာ ရိပ်စားမိသူဖြစ်သည်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဧကရာဇ်စနစ်မှ
စည်းမျဉ်းခံဘုရင်စနစ်ဖြင့် လွှတ်တော်အုပ်ချုပ် ရေးကို စိတ်ကူးယဉ်မိသူဖြစ်သည်။
သို့သော် မြန်မာ့နန်းတွင်း ရေးက အရှုပ်ထွေးသား။
သီပေါကိုယ်တော်လေးနန်းမတက်မီ
မင်းညီမင်းသားများ သုတ်သင်သော အရေးအခင်းကတည်းက အင်္ဂလိပ်၏ ခြေလှမ်းကပြင်နေပြီ။
မိမိနန်းတော်၊ မိမိတိုင်းပြည်ကို က္ဘာ ထင်နေသည့် မြန်မာမိဖုရား၊ ဘုရင်တို့၏သေးသိမ်ကျဉ်းမြောင်း
လှသော အတွေ့အကြုံသည် အောက်မြန်မာပြည်အထိ ရောက်လာနေသော အင်္ဂလိပ်ကို
မသိကျိုးကျွန်ပြုကာ မ္ဆိာဒိဋ္ဌိများဟူသည့် စွပ်စွဲချက်လောက်နှင့် ကျေနပ်ခဲ့ကြသည်
မဟုတ်လော။
ထိုစဉ်
မန္တလေးရွှေမြို့တော်နေ ဗြိတိသျှသံအမတ်ကြီး မစ္စတာရှော (Mr.R.B. Shaw C.I.E) က နိုင်ငံခြားရေး
ဝန်ကြီးဖြစ်သူ ကင်းဝန်မင်းကြီးထံ သတိပေးသည့်အနေဖြင့် ၁၈၉၇ခု ဖေဖော်ဝါရီ
၁၉ရက်နေ့စွဲဖြင့် စာစောင် ပေးပို့ခဲ့လေ သည်။
'ဘုရင်မင်းမြတ်၏
အနွှယ်တော်ဖြစ်ကြကုန်သော မင်းသား၊ မင်းသမီးများနှင့် အခြားသူများကို သတ်ဖြတ်ကြောင်း
ကြားသိရသဖြင့် များစွာတုန်လှုပ်ထိတ်လန့်ခြင်း ဖြစ်ရပါ ကြောင်း၊ ဥရောပတိုက်ရှိ
တိုင်းနိုင်ငံအပေါင်းတို့ကို တုန်လှုပ် ချောက်ချားခြင်းဖြစ်စေမည့်
သတ်ဖြတ်ခြင်းတို့ကို မည်သူတို့၏ ပယောဂဖြစ်ကြောင်း သံအမတ်သည် အသေအချာသိရှိရန်
မစုံစမ်းရသေးပါ။ သို့သော်လည်း ကျန်ရှိရစ်သည့်ဆွေတော် မျိုးတော်တို့၏
အသက်ကိုကယ်ဆယ်ရန် အားထုတ်ပါမည့် အကြောင်း တောင်းပန်သည်။ အကယ်၍ နောက်ထပ်ဆက်လက် ၍
သတ်ဖြတ်မှုများ ဖြစ်ပွားပါမူ သံအမတ်သည် ဗြိတိသျှ အလံတော်ကို ဆက်လက်လွှင့်ထူရန်
သင့်တော်တော့မည် မဟုတ်ပေ'ဟုရေးသားပေးပို့ခဲ့၏။
ထိုအခါကင်းဝန်မင်းကြီးက
ဖေဖော်ဝါရီလ ၂ဝရက်နေ့စွဲ ဖြင့် ဗြိတိသျှသံအမတ်ထံ ပြန်လည်ချေပသည့် စာတစ်စောင်
ရေးသားခဲ့လေသည်။
'မြန်မာပြည်ကို
စိုးမိုးအုပ်ချုပ်တော်မူသော ဘုရင် မင်းမြတ်သည် လွတ်လပ်သော ထီးဆောင်းမင်းတစ်ပါး
ဖြစ်သည်နှင့်အညီ မိမိ၏နိုင်ငံတော်အတွင်း ဆူပူလှုပ်ရှားခြင်း ကင်းငြိမ်စေရန်
တခြားတစ်ပါးသူတို့ ကဲ့ရဲ့အပြစ်တင်သည်ကို အလေးဂရုပြုတော်မမူဘဲ မိမိလျော်ကန်သင့်မြတ်သည်
ထင်သည့်အတိုင်း ဆောင်ရွက်ဖွယ်ကိစ္စအရပ်ရပ်တို့ကို ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊
သို့ဖြစ်သောကြောင့် သာသနာတော်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားကိုသာလျှင် ရှေးရှု၍
ယင်းကိစ္စကို ရှေးအစဉ်အလာအတိုင်း ဆောင်ရွက် တော်မူသည်။ မဟာမိတ်ချစ်ခင်စိတ်နှင့်လျော်စွာ
သံအမတ် မှတ်သားစိမ့်သောငှာ အကြောင်းကြားလိုက်ပါသည်' ဟုဖြစ် လေသည်။
အင်္ဂလိပ်သံအမတ်က
မကျေနပ်သေးဘဲ နောက်ထပ် စာတစ်စောင်ပို့ပြန်သည်။ စာပါ အဓိပ္ပာယ်မှာ
အိန္ဒိယဘုရင်ခံချုပ် အမိန့်အရ သံအမတ်က ဘုရင်မင်းမြတ်ထံ ထပ်မံအသနားခံ ကြောင်း၊
ဗြိတိသျှအစိုးရမင်း၏ အလိုကိုခွင့်ပေးသည့်သဘော နှင့်ြ<ွကင်းကျန်နေသော
ဆွေတော်မျိုးတော်များ၊ အထူးသဖြင့် လူမမည်ကလေးများ၊ မိန်းမသားများ၏ အသက်များကို
ချမ်း သာပေးသနားတော်မူပါမည့်အကြောင်း၊ ထိုသို့ သနားတော်မူ ရန်
နှစ်ခြိုက်တော်မူပါလျှင် နိုင်ငံမငြိမ်မသက်စိုးရိမ်ဖွယ်ဖြစ် မည့်သူများအတွက်
တာဝန်ခံ၍ဘေးအ္တရာယ်ပြုနိုင်ခွင့်မရ မရှိနိုင်ရန်တခြားသို့
ဆောင်ကြဉ်းမည်ဖြစ်ကြောင်းဟု ဆိုလို၏။
ထိုအခါ ကင်းဝန်မင်းကြီးက
လိမ္မာပါးနပ်စွာဖြင့် အင်္ဂလိပ်-မြန်မာဆက်ဆံရေးတွင် မြန်မာအစိုးရသဘောထားကို တင်ပြ၏။
ထို့နောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့စွဲဖြင့် သံ အမတ်ထံ စာပြန်ခဲ့လေသည်။ မြန်မာမင်းနှင့်အင်္ဂလိပ်အစိုးရ
ကြား သက္ကရာဇ် ၁၂၂၄ ခု၊ ခရစ်နှစ် ၁၈၆၂ ခုကတည်းက မဟာမိတ်စာချုပ်ချုပ်ဆိုကာ
နှစ်ပြည့်တစ်ပြည်ချစ်ကျွမ်းဝင် ခဲ့ကြကြောင်း၊ စာချုပ်နှင့်လိုက်လျောစွာပင်
မြန်မာမင်းအစိုးရ ကလည်း ဗြိတိသျှအစိုးရတို့နယ်မှာ အနှောင့်အယှက်ကင်း၍
သာယာစည်ပင်သည်ကို တောင့်တလိုလားတော်မူကြောင်း၊ ယခုရှင်းလင်းဖယ်ရှားခြင်းကိစ္စမှာ
ရှေ့ရေးနောင်ရေးကို ထောက်ထားသဖြင့် မငြိမ်မသက်ဖြစ်ဖွယ်အကြောင်းရှိမှ
ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မငြိမ်မသက်မှုများဖြစ်စေမည့်
မဟုတ်သောသူများကို ရှင်းလင်းဖယ်ရှားခြင်း ပြုလုပ်ရန် မလိုလားကြောင်း၊
ပျော်ရွှင်နှစ်သက်ရောင့်ရဲစွာ နေစေလို ကြောင်း၊ သံအမတ်၏စာတွင် နိုင်ငံတော် အတွင်း
မနေစေလို သောသူများကို သံအမတ်ထံသိမ်းဆည်းထားရန် ပို့စေလိုသည် ဆိုသော အပိုဒ်မှာ
မဟာမိတ် စာချုပ်နှင့် များစွာ ညီညွတ်သဖြင့် နိုင်ငံခြားရေးဝန်မင်းက သံအမတ်အား ဝမ်းမြောက်ဝမ်းသာ
ကျေးဇူးဥပကာရ တင်ရှိသည် ဖြစ်ပါကြောင်း ပြန်ကြားခဲ့သည်။
နန်းတွင်းသတ်ဖြတ်မှုများကြောင့်
အင်္ဂလိပ်-မြန်မာ ဆက်ဆံရေးတင်းမာသွားတော့မည့်အနေအထားမှ ကင်းဝန် မင်းကြီး၏
ဆောင်ရွက်ပေးမှုကြောင့် ပြန်လည်ပြေပြစ်လာ သည်ကို တွေ့ရသည်။ သို့သော်
ကင်းဝန်မင်းကြီး၏သြဇာ ကျဆင်းလာသည်နှင့်အတူ အင်္ဂလိပ်သံအမတ် မစ္စတာရှော လည်း
ကွယ်လွန်သွားသောကြောင့် ပြေပြစ်မှု အနေအထားမှာ တစ်ခဏမျှသာဟု ဆိုရပေမည်။
တကယ်တော့
အနောက်နိုင်ငံများသို့ ရောက်ဖူး၍ က္ဘာ့ နိုင်ငံရေးအမြင်တစ်စုံတစ်ရာရှိသော
ကင်းဝန်မင်းကြီးသည် အင်အားကြီး အနောက်နိုင်ငံများနှင့် ထိပ်တိုက်မတွေ့ရေး
နိုင်ငံခြားရေးမူဝါဒအား ကိုင်စွဲခဲ့သော်လည်း မိမိအခြေအနေ မှန်ကိုမသိဘဲ
ရေတွင်းငယ်ထဲက ဖားသူငယ်ကဲ့သို့ မိမိကိုယ် မိမိအထင်ကြီးနေမှုများကိုမူ ဆွဲဆောင် လွှမ်းမိုးနိုင်ခြင်းမရှိခဲ့ပေ။
ထိုအခါ
အရင်းရှင်နယ်ချဲ့စနစ်၏ ပရိယာယ်လှိုင်းတံပိုး များအောက်တွင်
ပဒေသရာဇ်မြန်မာနိုင်ငံတော်ကြီး ဇာတ်သိမ်း ခဲ့ရလေတော့၏။
မဟာမုနိဘုရားကြီး
ပြတိုက်ထဲကရုပ်တုတွေမရှိတော့။ နန်းတွင်းပြတိုက်သို့ ပြောင်းရွှေ့သွားပြီဟု သိရသည်။
ကင်းဝန်မင်းကြီး ဦးကောင်းရုပ်တုလည်း နန်းတွင်းထဲ ပြန်ရောက်သွားချေပြီ။
အသစ်ပြန်လည် တည်ဆောက် ထားသော မြနန်းစံကျော်ရွှေနန်းတော်ကြီးနှင့် နန်းအဆောင်ဆောင်၊
ပြာသာဒ်အသွယ်သွယ်ကို လှည့်ပတ် ကြည့်ရှုမည့် နိုင်ငံခြား ခရီးသွားများက
ဝင်ကြေးဒေါ်လာပေးကာ ကင်းဝန်မင်းကြီး ရုပ်တုကို ကြည့်ကြပေဦးမည်။ ခရီးသည် တစ်ဦးတလေကတော့
ထိုမြန်မာဝန်ကြီးသည် တစ်ချိန်က အနောက်အုပ်စုနှင့် အဆင်ပြေရေးမူကို
ကိုင်စွဲခဲ့သူပါလား ဆိုတာ သိကြပါလိမ့်မည်။ ပိုမိုစူးစမ်းလေ့လာသူကတော့
'ဦးကောင်းလိမ်ထုတ်၊ မင်းဆက် ပြုတ်' ဟူသော အဆိုအထိ ရွတ်ပြလေမည်လားမသိ။
ကင်းဝန်မင်းကြီးက
ရတနာဂီရိသို့ သီပေါမင်းနှင့်အတူ လိုက်ပါသွားရာမှ ၁၈၈၆ ခု ဇန်နဝါရီ ၅ ရက်နေ့တွင်
မ္တလေးသို့ ပြန်လည်ဆိုက်ရောက်လာ၏။ အင်္ဂလိပ်အစိုးရသည် သီပေါမင်း
ကိုနန်းချခေါ်ဆောင်သွားပြီးနောက် အထက်မြန်မာနိုင်ငံ အုပ်ချုပ်ရေးကို မည်သို့မည်ပုံ
ဆက်လက်လုပ်ဆောင်မည်ဟု ယတိပြတ် မဆုံးဖြတ်မစီစဉ်နိုင်မီ ကာလအတွင်း မြန်မာ
လွှတ်တော်အား ယာယီအုပ်ချုပ်ရေးတာဝန်ပေးအပ်ခဲ့သည်။ ကာနယ်စလေဒင် ဦးဆောင်သော
လွှတ်တော်သည်အစဉ် အလာမပျက်လွှတ်ရုံးတက်ကြ၏။ သို့သော် လွှတ်တော်၏ အစီအမံများကို
သက်ဆိုင်ရာ မဟာဝန်ရှင်တော်မင်းကြီးက မလိုက်လျောသည်က များသည်။ လွှတ်တော်ကို
မဖျက်မသိမ်း ဆက်လက်ထားရှိခြင်းသည် တိုင်းသူပြည်သား ရဟန်းရှင်လူ များက
အပြောင်းအလဲကို မထင်မမြင်ဘဲ ရှိကြရန်ဖြစ်၏။ လွှတ်တော်၏ သြဇာတိက္ကမကို အင်္ဂလိပ်က
သူ့အကျိုးအတွက် အသုံးချသွားခြင်းဖြစ်သည်။
ကင်းဝန်မင်းကြီး
ရတနာဂီရိကပြန်လာပြီး မ္တလေး ရောက်သောအခါ လွှတ်တော်ဝန်ကြီး ဝန်ထောက်များနှင့်အတူ
စည်းဝေးတိုင်ပင်ပြီးနောက် ၁၈၈၆ခု ဇန်နဝါရီ ၁ဝ ရက်နေ့တွင် သူတို့၏ သဘောထားကို
အင်္ဂလိပ်အစိုးရသို့ တင်ပြခဲ့ကြ၏။ ယင်းတင်ပြချက်မှာ-
လွှတ်တော်သည်
တစ်နိုင်ငံလုံး၏ အုပ်ချုပ်ရေးဆိုင်ရာ အထွတ်အထိပ်ဖြစ်ကြောင်း၊ နေပြည်တော်တွင်
တန်ခိုးအာဏာ မရှိသော အမည်ခံ သုညလွှတ်တော်ကို မည်သည့်မြို့ နယ်ကမျှ ရိုသေလေးစား လိုက်နာမည်
မဟုတ်ကြောင်း၊ ထို့ကြောင့် ဗြိတိသျှအာဏာပိုင်တို့သည် လွှတ်တော်ကို ဆက်လက်ထား ရှိပါက
ရှေးထုံးမပျက်လွှတ်တော်ပီပီပြင်ပြင်၊ တန်ခိုးအာဏာ အပြည့်အဝနှင့်
လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုစေလိုကြောင်း၊ သြဇာမညောင်းသော လွှတ်တော်သည်
လုပ်ငန်းကိုတွင်ကျယ် ထိရောက်စွာ လုပ်ဆောင်နိုင်မှာမဟုတ်၍ ပေးအပ်သော တာဝန်ကို
ကျေပွန်ပါမည်ဟု ဝန်ခံရန်ခဲယဉ်းကြောင်း၊ မြန်မာ နိုင်ငံသည် မြန်မာမင်း၏
စိုးမိုးမှုအောက်၌ နှစ်ပေါင်းရှည်ကြာ ခဲ့ပြီဖြစ်၍ ပြည်သူပြည်သားတို့သည်
လွှတ်တော်၏တန်ခိုး သြဇာကို ဘုရင်မင်းမြတ်နှင့် ဆက်နွှယ်လျက်သာ လေးစားကျိုးနွံ
ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာဘုရင်အနွှယ်တော် မင်းသားတစ်ပါးပါးကို
စည်းမျဉ်းခံဘုရင်အဖြစ် ခန့်ထားပေး စေလိုကြောင်း ဖော်ပြထားသည်။
ထိုတောင်းခံလွှာကို
ကင်းဝန်မင်းကြီး၊ တောင်ခွင်မင်းကြီး၊ အတွင်းဝန်၊ လှေသင်းဝန်၊ စလေမြို့စား၊
ပင်းအတွင်းဝန်၊ ရွှေတိုက်အတွင်းဝန်၊ ပေါက်မြိုင်မြို့စား၊အတွင်းဝန်မြို့သစ်
မြို့စား၊ အတွင်းဝန်၊ ကျောက်မြောင်းမြို့စား၊ အတွင်းဝန် မိုင်းခိုင်မြို့စား၊
မြို့ဝန်ယင်းတော်မြို့စား၊ ရွှေလှံမြို့ဝန်၊ မြို့ဝန်အက္ကပတ်မြင်းဝန်၊
ဝန်ထောက်မိုးတားမြို့စား၊ ဝန်ထောက်ဝက်မစွပ်မြို့စား၊ ပင်းတလဲဝန်ထောက်၊
ညောင်ဝန်းဝန်ထောက်၊ ပညာဝန် ထောက်၊ တပယင်း ဝန်ထောက်တို့ လက်မှတ်ရေးထိုးကြသည်။
No comments:
Post a Comment