ရှမ်းပြည်နယ်(တောင်ပိုင်း)
ညောင်ရွှေမြို့နယ် တောင်ပို့ကြီးကျေးရွာအုပ်စုရှိ Pristine Lotus Spa Resort Inle
Hotel တွင် ဒီဇင်ဘာ ၅ ရက် နံနက် ၁ နာရီ ၁၅ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ
Pristine Lotus Spa Resort Inle Hotel စားဖိုခန်းအတွင်းထားရှိသည့်
ရေခဲသေတ္တာသုံး Safe Guard အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စားဖိုခန်းအတွင်း နံရံ နှင့်မျက်နှာကျက်သို့ ကူးစက်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုအား တာဝန်ရှိသူများ၊
မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၅
မိနစ်တွင် မီးငြှိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ပေါ့ဆစွာ အသုံးပြုသူ သူရိန်(ခ)
သူရိန်အောင်အား ညောင်ရွှေမြို့မ ရဲစခန်းက (ပ)၇၀/
၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
( မြို့နယ် ပြန်/ဆက် )
No comments:
Post a Comment