နေပြည်တော်၊ ဒီဇင်ဘာ ၎
ရှမ်းပြည်နယ်မြောက်ပိုင်း
ကွတ်ခိုင်မြို့တွင်းသို့ KIA/TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့က ယနေ့ မွန်းလွဲ ပိုင်းတွင်
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူနှစ် ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့တွင်းသို့
KIA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ယနေ့ မွန်းလွဲ ၁၂နာရီ ၁၀မိနစ်ခန့်တွင် လက်နက်ကြီးများဖြစ်
ပစ်ခတ်ရာ အမှတ်(၅) ရပ်ကွက်အတွင်း ဗုံးသီး(၃)လုံး
ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်သုံးလုံးမှ ခေါင်းမိုးများပျက်စီးခဲ့ပြီး အိမ် အမှတ်(၃၀၉)ရှိ
ဦးထွန်းပိုင်၏ နေအိမ်ရှေ့တွင် ထိုင်နေကြသည့် မနှင်းနှင်းဆွေနှင့် မတိုးတိုးတို့
နှစ်ဦးမှာ ဗုံးစများထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ မနှင်းနှင်းဆွေ၏ ဒဏ်ရာမှာ
စိုးရိမ်ရသဖြင့် ကွတ်ခိုင်ဆေးရုံမှတစ်ဆင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်းနှင့်
တပ်မတော် စစ်ကြောင်းက ၎င်းနေရာများအား နယ်မြေရှင်းလင်းလျက်ရှိ ကြောင်းသိရသည်။
No comments:
Post a Comment