Sunday, December 4, 2016

တပ်မတော်စစ်ကူစစ်ကြောင်းများ မုံးကိုးတပ်စခန်းသို့ ရောက်ရှိ မုံးကိုးမြို့အား ရှင်းလင်းပြီးထိန်းချုပ်နိုင်


နေပြည်တော် ဒီဇင်ဘာ ၎
KIA၊ TNLA၊ MNDAA၊ AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည့် မုံးကိုးတပ်စခန်းသို့ တပ်မတော်စစ်ကူ စစ်ကြောင်းများ ရောက်ရှိပူးပေါင်းနိုင်မှုနှင့်အတူ မုံးကိုးမြို့တွင်းသို့ ဆက်လက်ရှင်းလင်းခဲ့မှုကြောင့် မုံးကိုးမြို့အား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ရှိ မုံးကိုးတပ်စခန်းအား KIA၊ TNLA၊ MNDAA၊ AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၂၀ ရက်မှ ယနေ့အထိ နှစ်ပတ်ကြာ အင်းအားသုံးပြီး ၀ိုင်းပတ်တိုက်ခိုက်မှုနှင့်အတူ ၎င်းတပ်စခန်းသို့ စစ်ကူပေးရန် သွားရောက်သည့် တပ်မတော်စစ်ကြောင်း များကိုလည်း အဆင့်ဆင့်ပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်းများက ထိုးဖောက်ကျော်လွှားပြီး  ယနေ့ညနေ ၃ နာရီခန့်တွင် မုံးကိုးတပ်စခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့ကြောင်း၊ တပ်မတော် စစ်ကြောင်းများက မုံးကိုးမြို့တွင်းသို့ ဆက်လက်ရှင်းလင်းခဲ့ရာ လက်နက် ကိုင်ပူးပေါင်း အဖွဲ့ များမှာ ကစဥ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးလျက်ရှိကြရာ တပ်မတော်မှ မုံးကိုးမြို့အား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment